ကံမမြို့နယ်၊ ရေနံသာရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး ကပစ ၁၂ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်သားနှင့် ရဲ ၇ ဦးသေဆုံး ဟုဆို (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၇



မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာရဲကင်းစခန်းနှင့် ကပစ ၁၂ တို့ကို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၆ နာရီခန့်က ကံမမြို့နယ် ၊ သရက် – ကံမ လမ်းပိုင်း ၊ ရေနံသာ ကျေးရွာရဲကင်းစခန်းကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲကြာချိန်အတွင်း စစ်တပ်ဘန် ကာ ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန် ၂ ခုကို ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေချိန် မြေပြင်စစ်ရေး အခြေအနေအရ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်းရေနံ့သာရဲကင်းစခန်းတွင် စစ်တပ်ဘက်မှ သုံးပွင့်ဗိုလ်ကြီး ဦးဆောင်ပြီး အင်အား ၃၀ ခန့်ရှိကာ စည်းရိုး အ ထပ်ထပ် ၊ အုတ်ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲထားကြောင်း၊ တိုက်ပွဲအတွင်း စစ်သားနှင့် ရဲ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ဒီစခန်းက ကျနော်တို့ ပထမအကြိမ်တိုက်ခိုက်ခဲ့ဖူးတာရှိတယ်။ အဲဒီတုန်းက တိုက်ခိုက်ခဲ့တဲ့ရည်ရွယ် ချက်နဲ့အခုတိုက်ခိုက်ခဲ့တဲ့ ရည်ရွယ်ချက်ချင်းကတော့ မတူဘူးပေါ့၊ ပထမအကြိမ်တိုက်ခိုက်ခဲ့တုန်းက စခန်းစွန့်ခွာထွက်ပြေးမှုနဲ့ စခန်းလည်းအရေးယူထောင်ချခံထားရတာတွေရှိတယ်။ ဒီတစ်ကြိမ် ပြန်ပြီး တပ်စွဲတဲ့အခါက ဒီလမ်းပိုင်းကလည်း သူတို့အတွက်အရေးပါတော့ ခြံစည်းရိုးဆိုရင် ၄ ထပ်၊ ဆက် သွယ်ရေးမြောင်းတွေဆိုရင် ၈၀ မိုင်း တွေနဲ့ အခိုင်အမာတပ်စွဲထားတာပေါ့။ အဲဒါကြောင့် ထင်မှတ် ထားတာထက် ပိုပြင်းထန်တယ်။ သူတို့ဘက်က လေ ကြောင်းလာနိုင်တဲ့အခြေအနေ၊ ကျနော်တို့ဘက် ရဲဘော် ၂ ယောက်ကျဆုံးတာနဲ့ တစ်ယောက် ထိခိုက်ဒဏ်ရာရထားတဲ့အခြေအနေ၊ ခဲယမ်းယမ်း ပြတ်တောက်မှုအခြေအနေတွေကြောင့် ပြန်ဆုတ်လိုက်တာပါ” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အ မှတ်-၄ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ကြောင်း၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်း အနေဖြင့် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင် စိုးမိုးအားကောင်းရာ နယ်မြေများအတွင်း ထိုးဖောက်ဝင်ရောက် စစ်ရေးလှုပ်ရှားမူအချို ပြုလုပ် လျက်ရှိကြောင်း အသိပေးထားသည်။
အလားတူ ယမန်နေ့ နံနက် ၆ နာရီအချိန် ဖက်ဆစ်အကြမ်းဖက်စစ်တပ် အ တွက်၏ အဓိက အရေးပါသော ကာ ကွယ်ရေးပစ္စည်းစက်ရုံ ၊ ကပစ ၁၂ ကို သရက်ခရိုင်အမှတ်-၄ တပ်ရင်းက 122 MM ရှော့တိုက်ဒုန်း ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း သိရသည်။
“ကပစ ၁၂ က ရှော့တိုက်ဒုံး ၅ လုံးပစ်တာ။ ၄ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်။ ထိခိုက်ပျက်စီးမှု တွေရှိတယ်ဆိုတာကို ကြားရတာ၊ ဒါပေမယ့်အတည်ပြုဖို့ကျတော့ သတင်းတွေထိန်းချုပ်ထားတဲ့ အတွက် သေချာအတည်မပြုနိုင်သေးဘူး၊ ဒီနေ့မနက် နောက်ဆုံးသိရတာကတော့ အဲဒီကပစ ၁၂ ထဲ မှာရှိတဲ့ ဗျူဟာမှူးအဆင့်အရာရှိတစ်ဦး အောင်လံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့တော့ သတင်းရထားပါတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ပြောဆိုသည်။
ထိုသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကပစ ၁၂ စက်ရုံအတွင်းမှ စစ်တပ်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်ခဲ့ရာ သရက်မြို့နယ် ၊ ညောင်ပင်သာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အပြစ်မဲ့ ပြည်သူ ၁ ဦး၏ နေအိမ်ကို ဗုံးစ ထိမှန်ကာ အမျိုးသမီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်းသို့ သရက်မြို့နယ်၊ ကပစ ၁၂ နှင့် ကံမမြို့တို့မှ အင်အား များအား စုဖွဲ့ကာ ရေနံ့သာရဲကင်းစခန်းသို့ ကုန်းလမ်း၊ ရေလမ်းအသုံးပြုကာ စစ်ကြောင်းထိုးလာခြင်း နှင့်အတူ ဂျက်ဖိုက်တာဖြင့်လည်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ကြောင်းထိုးကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကံမမြို့နယ် ၊ ပုဇင်း နိမ့်ကျေးရွာ ၊ အုပ်ပုံကျေး ရွာများအတွင်းမှ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ်များ လည်း ထိမှန် မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း၊ထို့အပြင် ဂျက်ဖိုက်တာဖြင့် ရမ်းသမ်းဗုံးကျဲတ တိုက်ခိုက် မှုကြောင့် ၊ ကံမမြို့နယ် ၊ ဆုံကုန်းကျေးရွာ နှင့် သစ်ငုတ်တထောင်ကျေး ရွာအနီးရှိ သရက် – ကံမ လမ်းပိုင်းတွင် အရေးပါသောတံတား ၁ စင်း ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ရေးအခြေအနေဆက်လက်တင်းမာလျက် ရှိပြီး မိဘပြည်သူများအနေဖြင့်တိုက် ပွဲဖြစ်ပွားရာဒေသအတွင်း ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက သတိပေးထားသည်။