မြ၀တီမြို့နယ်၊ လေးကေ့ကော်သို့ စစ်ကြောင်းထိုးနေသော ခမရ ၂၀၂ တပ်ရင်းမှ စစ်သားများ သေဆုံးမှုများပြားနေ၍ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသူရိန်အောင်နှင့်တပ်ဖွဲ့ဝင်များအတွက် ယတြာချေ ပွဲပေး

မြ၀တီမြို့နယ်၊ လေးကေ့ကော်သို့ စစ်ကြောင်းထိုးနေသော ခမရ ၂၀၂ တပ်ရင်းမှ စစ်သားများ သေဆုံးမှုများပြားနေ၍ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသူရိန်အောင်နှင့်တပ်ဖွဲ့ဝင်များအတွက် ယတြာချေ ပွဲပေး
ရန်ကုန်၊ နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်သို့ စစ်ကြောင်းထိုးနေသော တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၂ တပ်ရင်းမှ စစ်သားများ သေဆုံးမှုများ ပြားနေ၍ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသူရိန်အောင်နှင့်တပ်ဖွဲ့ဝင်များအတွက် ယတြာချေ ပွဲပေးမှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့တွင် ခမရ ၂၀၂ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးသူရိန်အောင်အတွက်ဟုဆိုကာ ရန်ကုန်-မန္တလေး၊အမြန်လမ်း ၁၁ မိုင်၊ ၁ ဖာလုံရှိ အဘိုးကု၊ စာဘူးတောင်း၊ ခြေတော်ရာ အေးရိပ်သာကျောင်း၊ တောင်ကလေးဆရာတော် ကျောင်းခွဲရှိ ဘိုးတော်နတ်နန်းတွင် ခမရ ၂၀၂ တပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်နှင့် တပ်ဖွဲ့ဝင်များအတွက် ယတြာချေမှုများ ၊ ပွဲပေးမှုများ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ခမရ ၂၀၂ တပ်နဲ့ တပ်ရင်းမှူးအတွက် ပွဲတွေ ပေးထားတယ်။ ပွဲထိုးထားတာ။ ဘိုးဘိုးကြီးနတ်နန်းမှာ အုန်းပွဲ ငှက်ပျောပွဲတွေနဲ့ ပွဲထိုးထားတာ။ ယာယီတပ်ရင်းမှုး ဗိုလ်မှူး သူရိန်အောင် ရှေ့တန်းစစ်မြေပြင်မှာ စစ်ရှုံး အထိနာနေလို့ ကန်တော့ပွဲပေး ဓာတ် ရိုက်ဓာတ်ဆင်တွေ လုပ်ထားတာပါ။ အဲဒီ အမြန်လမ်း ၁၁ မိုင် ၁ ဖာလုံက နတ်နန်းက တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်ဆိုပြီး နာမည်ကြီးတယ်။ နေရာတော်တော်များများက အဲဒီမှာလာပြီး နတ်နန်းမှာ ယတြာချေ ပွဲထိုးတာတွေလုပ်ကြတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
ခမရ ၂၀၂ တပ်ရင်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ အ‌ခြေစိုက် တပ်မ ၂၂ ၏ လက်‌အောက်ခံ တပ်ရင်းဖြစ်ပြီး ယတြာချေပွဲထိုးမှုကို ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁ မိုင် ၁ ဖာလုံရှိ နတ်နန်းတွင် လာရောက်ဆောင်ရွက်ခြင်းခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ အကြမ်းဖက်စစ်တပ်နှင့် လေးကေ့ကော်မြို့သစ်ဘက်သို့ အ ကြမ်းဖက်စစ်တပ်နှင့် BGF တပ်များပူးပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ရာ ရသေ့ဂူ၊ ကျော်ဝါးဘိုးတောင်ပေါ်သို့ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မိုင်း ကွင်းအတွင်း ကျွံဝင်သွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်သား အများအပြားသေဆုံးကာ အလောင်းများစွာ စုပုံနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
မြဝတီမြို့နယ်၊ ရသေ့ဂူ၊ မင်းလက်ပံ၊ ဖလူးကျေးရွာများဘက်သို့ အင်အား အလုံး အရင်းဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းခဲ့ရာ စစ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက် စစ်ကြောင်းက နိုဝင် ဘာလ ၂ ရက်နေ့ သတင်း ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလ ၃၁ ရက်နေ့က မြဝတီမြို့နယ်၊ ရသေ့ဂူကျေးရွာ၊ မင်းလက်ပံ ကျေးရွာနှင့် ဖလူး ကျေးရွာတို့ဘက်သို့ ဝင်ရောက် လာသော အကြမ်း ဖက်စစ်ကောင်စီ၏ တပ်မဟာ ၂၂ လက်အောက်ခံ စစ်ကြောင်းကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား အများပြားသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ၊ စစ်သုံ့ပန်းများ၊ ထွက် ပြေးအလင်းဝင်လာသူများရှိခဲ့ကြောင်း၊ ထို့အပြင် လက်နက်ခဲယမ်း အမြောက် အများကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။