“သူများဆိုင်အပေါက်၀မှာ နေ့တိုင်းချီ-းပုံးနဲ့ လာပက်ပြီး စီးပွားပျက်အောင်လုပ်တဲ့ အဘွားကြီး”


#editနောက်ဆုံးပို့စ်တင်ရခြင်းပါ❗❗
အဘွားကိုသနားနေတဲ့သူတွေကို
ကျမ နားလည်ပေးတယ်
ဖြစ်စဉ် အစအဆုံးသေချာပြောပါမယ်💥💥
ကျမတို့ ကျောက်မြောင်း ပြောင်းလာတာ
၁နှစ်ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်
အဲဒီအဘွားကြီးက ကျမတို့အိမ်ရှေ့ပထမထပ်ကပါ
အညာကလာတဲ့ အဘွားပါ သူ့သမက်တွေ သမီးတွေက
အလုပ်အရမ်းများတဲ့သူမို့
နယ်ကနေ မြေးကြည့်ပေးဖို့ ခေါ်လာတဲ့သူပါ
သူသားသမီးတွေလည်း ကျမမမြင်ဖူးဘူး
ကိုယ့်အလုပ် ကိုယ်လုပ်နေကျတော့
တစ်ယောက်နဲ့ တစ်ယောက်မသိပါ
အိမ်နား ပတ်ဝန်းကျင်မှာတော့
အဲဒီအဘွားကို မြင်နေကျဆိုတော့
ကျမတို့အိမ်နဲ့သိပါတယ် သိတယ်ဆိုတာ
ခင်မင်ရင်းနှီးတဲ့ အဆင့်မဟုတ်ပါ
မျက်နှာမွဲလေးမို့ သနားလို့ စားစရာပေး မုန့်ပေးလိုက်နဲ့
အိမ်ကအမှိုက်ဖြစ်တဲ့ ကတ်ထူတွေဘူးတွေ
ခွက်တွေပေးဖြစ်ပါတယ်
စျေးရောင်းအိမ်ဆိုတော့ အမှိုက်တွေ
အိမ်မှာမထားသလိုမရောင်းလည်းမရောင်းပါဘူး
သူ့ကိုအမြဲပေးပါတယ်
နောက်ပိုင်းအဲလိုပေးများရာကနေ
သူကတောင်းတတ်လာတယ်
အဝတ်အစားတွေ ဘာတွေညာတွေတောင်း
အိမ်တွင်းရေးတွေစပ်စု စကားရောင်း
စကားဝယ်လုပ်တော့ မခေါ်မပြောဖြစ်တာလောက်ပဲ
ကျမနဲ့ရန်တော့မဖြစ်ဖူးပါ ဒါနဲ့အိမ်မှာရှိတဲ့စက္ကူတွေ
စားစရာတွေကို သူ့ကိုမပေးဘဲ
အမှိုက်လှည်းတွန်းတဲ့ အစ်ကိုပဲ ပေးဖြစ်ပါတော့တယ်
သူ့ကိုအရွဲ့တိုက်ပြီးပေးတာပါ မဟုတ်ပါ
အမှိုက်တွန်းတဲ့သူက ကျမတို့အမှိုက်ကိုပစ်ပေးလို့
ကိုယ်က စားစရာတွေ ကတ်ထူတွေပေးလိုက်တာပါ
အဘွားကြီး က ဒါကိုအငြိုးထားတာပါ
ပြီးတော့သူ့သမီးတွေပြောတာက
သူ့အမေက ပိုက်ဆံကိုင်ချင်သုံးချင်တယ် ပြောပါတယ်
သူ့သမီးတွေက စားစရာတွေပဲဝယ်ကျွေးတယ်
ငွေမပေးကိုင်ပါဘူး သူက ငွေကိုင်ချင်တော့
လမ်းမှာရေသန့်ဘူးတွေ တွေ့ရင် ကောက်သိမ်းထားတယ်
ကတ်ထူတွေဆိုလည်း ကျမဘေးအိမ်က
ထီးရောင်းတဲ့အိမ်ကလည်း ကတ်ထူတွေပေးတယ်
နောက်ပိုင်း စပ်စုလို့ဆိုပြီး မပေးကြတော့
သူ့သုံးစရာဝင်ငွေမရှိတော့ပါဘူး အဲဒီနောက်ပိုင်း
ကျမအိမ်က အမှိုက်လှည်းတွေမလာတဲ့အခါ
အမှိုက်ေခြာက်တွေကို အိမ်ရှေ့ထုတ်ထားတတ်ပါတယ်
သူက ညဘက်လူအိပ်ချိန်လာမွှေပြီး
အိမ်ရှေ့ အိတ်ထဲက လိုချင်တာယူ
ကျန်တာကိုသွန်ထုတ်ပြီး
အိမ်ရှေ့ အမြဲဖွ ခဲ့လေ့ရှိပါတယ်
ဒါကလည်း လမ်းဘေးအမှိုက်ကောက်ထင်လို့
အမှုမဲ့ အမှတ်မဲ့ သတိမထားခဲ့ပါ
ဒါကို သူ့သမီးက တရက်မြင်တော့ အဲလိုမလုပ်ဖို့
ပြောခဲ့ဖူးတယ်ပြောပါတယ် သူ့အမေကနားမထောင်ပါ လုပ်မြဲဆက်လုပ်ပါတယ်
အဲလို အမှိုက်တွေလည်း အမြဲလာဖွတော့
အမှိုက်အိတ်လည်း မထုတ်ဖြစ်တော့ဘူး
အမှိုက်တွေ လာဖွနေတာလည်း အကြိမ်ကြိမ်ကို
ကျမတို့ မရိပ်စားမိသလို အမှုမဲ့ အမှတ်မဲ့
ထားခဲ့ပါတယ် အဲလိုလုပ်တာလည်း
အချိန် ၃/၄လကျော်လုပ်တာနော်
ကျမတို့က အရမ်းပေါ့ဆတာ😔
ကိုယ့်ပတ်ဝန်းက လူတစ်ယောက်အငြိုးနဲ့
လုပ်နေတာမသိအောင် တုံးအပါတယ်
နောက်တော့ အမှိုက်တွေလည်းမထုတ်တော့ဘူး
အိမ်ထဲမှာပဲ ထားလိုက်တော့တယ်
အဲတော့သူက နောက်တနည်း ထပ်ကြံစည်တာပါ
တရက် ခြား တခါ ချီးတွေ လာပစ်တာ
အစရက်တွေက ချီးတွေအပုံလိုက်ဆိုတော့
အမှိုက်ကောက်တဲ့ သူပဲပေါ့ တွေးလိုက်တာ
အဲဒါလည်းအမှုမှတ်အမှတ်မဲ့ပဲသေး
နောက်ပိုင်းများတယ် အိမ်ထဲထိဝင်အောင်
ချီးပုံးနဲ့ကို လာပစ်တော့ စိတ်ကမသင်္ကာဖြစ်တာနဲ့
လူအိပ်ချိန် လုပ်တာဖြစ်လို့ CCTV တပ်လိုက်ပါတယ်
CCTV ဖွင့်ကြည့်မှ သူမှန်းသိတာပါ အံ့သြလို့မဆုံးဘူး
သူက အောက်လမ်းမဟုတ်ဘူး ပြောပေမဲ့
ဒီတလလုံး လာဘ်တွေပိတ် စိတ်တွေတို
အလုပ်တွေကအဆင်မပြေဖြစ်တာပါ
ကျမနဲ့ပတ်သက်တဲ့ သူတွေဆို ကျမအရ မ်းငြီးပြတယ်
တခါမှ အဲလိုအရှုံးမပေါ်ဖူးလို့ အကြွေးတောင်တင်တယ်
Edit သက်သေနဲ့မိတာတောင် သူက ငြင်းပါတယ်
သူမလုပ်ဖူးတဲ့ ကျမတို့က cctv ပြမှ “အော်” ဆိုပြီး
ကနေ့က လုပ်တယ် အရင်ရက်က သူမလုပ်ဘူးတဲ့
အရင်ရက်ကတွေ ဟာတွေပြမှ ဝန်ခံတာပါ
ယာအိမ်မှူးကိုပြလိုက်တော့
သူ့ကို ကျမတို့ အိမ်ရှေ့ ချီးလာဆေးခိုင်းတာပါ
သူ့သမီးတွေက ငိုယိုတောင်းပန်လို့
ရပ်ကွက်လူကြီးအိမ်မှာခံဝန်နဲ့ ခွင့်လွှတ်ပေးလိုက်ပါတယ်
နောက်တကြိမ်ဆိုလုံးဝခွင့်မလွှတ်ပါ
အရေးယူပါမယ်
အခုပြသနာ ဖြစ်ချိန်မှာ သင်ခန်းစာရလိုက်တာက
အများကြီးပဲ😤😪 နောက်နောင် လူတိုင်း မသနားမိဖို့
လောကမှာ မသနားထိုက်တဲ့ သူတွေအများကြီးဆိုတာ
ကိုယ်တွေခံဖူးမှ နားလည်တာပါ