မြဝတီမြို့နယ်၊ လေးကေ့ကော်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်း အထိနာပြီးနောက် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ၊ စစ်တပ်က အင်အားထပ်မံတိုးမြှင့်ပြီး စစ်ကြောင်းထိုးလာပြန်

မြဝတီမြို့နယ်၊ လေးကေ့ကော်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်း အထိနာပြီးနောက် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ၊ စစ်တပ်က အင်အားထပ်မံတိုးမြှင့်ပြီး စစ်ကြောင်းထိုးလာပြန်
ရန်ကုန်၊ နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်သို့ ဝင်ရောက်လာသောကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ စစ်တပ်ဘက်မှ အထိနာသွားပြီးနောက် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ကျားသစ်နက်စစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ ယနေ့အချိန်အထိ လေးကေ့ကော်မြို့သစ်ဘက်သို့ အ ကြမ်းဖက်စစ်တပ်နှင့် BGF တပ်များပူးပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ရာ ရသေ့ဂူ၊ ကျော်ဝါးဘိုးတောင်ပေါ်သို့ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မိုင်း ကွင်းအတွင်း ကျွံဝင်သွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်သား အများအပြားသေဆုံးကာ ရုပ်အလောင်းများစွာ ကျန်ရှိနေကြောင်း သိရှိရသည်။
မြဝတီမြို့နယ်၊ ရသေ့ဂူ၊ မင်းလက်ပံ၊ ဖလူးကျေးရွာများဘက်သို့ အင်အား အလုံး အရင်းဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက် စစ်ကြောင်းက ထုတ်ပြန်သည်။
အောက်တိုဘာလ ၃၁ ရက်နေ့က မြဝတီမြို့နယ်၊ ရသေ့ဂူကျေးရွာ၊ မင်းလက်ပံ ကျေးရွာနှင့် ဖလူး ကျေးရွာတို့ဘက်သို့ ဝင်ရောက် လာသော အကြမ်း ဖက်စစ်ကောင်စီ၏ တပ်မဟာ ၂၂ လက်အောက်ခံ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား အများပြားသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ၊ စစ်သုံ့ပန်းများ၊ ထွက် ပြေးအလင်းဝင်လာသူများရှိခဲ့ကြောင်း၊ ထို့အပြင် လက်နက်ခဲယမ်း အမြောက် အများကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ နည်းပညာမြင့် Drone များ ၊ လက် နက်ကြီးပစ်ကူများ ၊ တာဝေးပစ် ဒုံးကျည်များ(Missiles) အပြင် လေကြောင်းဖြင့်လည်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အခု စစ်တပ်က စစ်ကားတွေနဲ့ အင်အားတွေ ထပ်တိုးဖြည့်ပြီး စစ်ကြောင်းထိုးလာတယ်။ လူတော့ အတော်ပေါနေပုံပဲ။ သိရသလောက်တော့ စစ်မှုထမ်းတပ်သားတွေ တော်တော်သုံးတယ်။ ဘယ်လောက်သေသေ ရှေ့ဆက်တိုးပြီး လူ့အသက်တွေကို ဖြုန်းနေတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA ဦးဆောင်သော ဗျူဟာ ၃၂ ကျားသစ်နက်စစ်ကြောင်း ၊ ကော်ဘ ရာ စစ်ကြောင်း ၊ ဗွီနွန်စစ်ကြောင်း နှင့် Justice soldier တပ်ဖွဲ့ တို့ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ က ကြားဖြတ်ကာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်ခြင်းမပြုရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း အာဏာရှင် ဖက်ဆစ်စစ်တပ် အမြစ် ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ကျားသစ်နက်စစ်ကြောင်းက တိုက်တွန်း ထုတ်ပြန်ထားသည်။