TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းတပ်ဖွဲ့များအားလုံးက ပူးပေါင်း ကာကွယ်မည်ဟု ကြေညာချက်များ ဆက်တိုက် ထုတ်ပြန်
ရန်ကုန် ၊ အောက်တိုဘာ ၃၀
TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းတပ်ဖွဲ့များအားလုံးက ပူးပေါင်း ကာကွယ်မည်ဟု ကြေညာချက်များ ဆက်တိုက် ထုတ်ပြန်လျက်ရှိသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို TNLA တပ်ဖွဲ့က စစ်ကောင်စီထံသို့ ပြန်လည် ပေးအပ်သည့်တိုင် မိုးကုတ်မြို့ကို စစ် ကောင်စီလက်အောက် မကျရောက်စေရန် အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များနှင့် မိုးကုတ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတချို့၏ အဆိုအရ သိရှိရသည်။
လက်ရှိ မိုးကုတ်မြို့တွင် ဖြစ်ပေါ်နေသော အခြေအနေအရ မည်သို့ပင် အခက်အခဲဖြင့် ကြုံတွေ့ စေ ကာမူ မိုးကုတ်မြို့နယ် ပကဖ အနေဖြင့် မြို့နယ်အတွင်း၌ အခြေပြုထားသည့် တပ်ရင်းတပ်ဖွဲ့များ၊ ညီအစ်ကို တပ်ရင်း၊ တပ်ဖွဲ့များ ၊ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူများနှင့်လက်တွဲ၍ မိုးကုတ် မြို့ကို စစ်ကော်မရှင်လက်အောက် မကျရောက်စေရန် ကာကွယ်သွားမည်ဖြစ်ကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က အသိပေးထားသည်။
“တော်လှန်ပြည်သူအားလုံးကို ဒီနေရာကနေ ပြောပြချင်တာကတော့ နိုင်ငံရေးဖိအားကြောင်း ဆုတ် ခွာ ပေးလိုက်တဲ့ TNLA အပေါ်မှာ စိတ်ဆိုးဒေါသထွက်တာ၊ ခံပြင်းကြတာ၊ အပြစ်မြင်ကြတာတွေ လည်း ရှိနေပါတယ်။ သိုပေမယ့် မိုးကုတ်မြေမှ ဖြစ်သော တော်လှန်ရေးရဲဘော်တွေ အများကြီးရှိနေ သလို စည်းလုံးညီညွတ်အားနဲ့ စစ်ကော်မရှင်ကို ပြန်လည်ခုခံတွန်းလှန်ကြဖိုလည်း ရှိနေတဲ့အတွက် အတူတကွ လက်တွဲပြီး စစ်ကော်မရှင်ကို တန်ပြန်ခုခံသွားပါမယ်လို့ ပြောချင်ပါတယ်” ဟု မိုးကုတ်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မိုးကုတ် ပကဖ သည် တော်လှန်ရေးခရီးကြမ်းကြီးအား ပြည်သူ လူထု၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်လာခဲ့သော အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်သူ လူ ထု၏ ထောက်ပံ့မှုဖြင့် ဆက်လက်ရပ်တည်နေရသော အဖွဲ့စည်း တစ်ခုဖြစ်ကြောင်း၊ တော်လှန်ရေး အပေါ်တွင် အစဉ်တစိုက် အားသွန်ခွန်စိုက်ဖြင့် ကြိုးစားခဲ့ကြသလို အောင်မြင်မှုများကိုလည်း မဟာ မိတ်တပ်ဖွဲ့များ၊ ညီအစ်ကိုတပ်ဖွဲ့များနှင့်အတူ အောင်ပွဲများဆင်နိုင်ခဲ့သည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ မိုးကုတ်မြို့နယ်( မိုးကုတ် ပ.က.ဖ ) အနေဖြင့် တော်လှန်ရေး အစမှသည် ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ထားသည်နှင့်အညီ တော်လှန်ရေး အောင်မြင်မှု ပန်းတိုင်ဆီသို့ ဦးလည်မသုန် ချီတက်သွားမည်ဖြစ်ကြောင်း မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – (မိုးကုတ် ပ.က.ဖ) က ကြေညာသည်။
ယခုအချိန်သည် အကြမ်းဖက်စစ်တပ်အား တော်လှန်ရေးအင်အားစုများ အချင်းချင်း ပိုမိုညီညွှတ်စွာ တိုက်ပွဲဝင်ရမည့် အချိန်ဖြစ်ပြီး ပြည်သူလူထုအား တိုင်တည်ကျိန်ဆိုထားသော တော်လှန်ရေးသစ္စာ အား ကတိတည်နိုင်ရန် ကြိုးစားတိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားသော နယ်မြေများအား အကြမ်းဖက် စစ်တပ် လက်အောက်ပြန် မရောက်ရန်၊ တစ်နိုင်ငံလုံး စစ်ကျွန်ဘဝမှ အကြွင်းမဲ့လွတ်မြောက်ရန်နှင့် ပြည်သူ လူထု လိုလားတောင်းတသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်သည်အထိ ဆုံးခန်းတိုင် တိုက်ပွဲ ဝင်သွားပါမည်ဟု ကတိသစ္စာပြုပါကြောင်း အသိပေးထားသည်။
Myingyan Black Tiger – MBT တပ်ဖွဲ့ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းသည် မြင်းခြံခရိုင်အတွင်း သာမက မဟာမိတ်တပ်များဖြစ်ကြသော မိုးကုတ်ဗျူဟာ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ၊ အမှတ် ၁၂၂၂ တပ်ရင်း (TRI ဗျူဟာ) တို့နှင့်အတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နှင့် သပိတ် ကျင်းမြို့နယ်များတွင် စစ်ရေးတာဝန်မျာကို ပူးတွဲထမ်းဆောင်နေသည့် တပ်ရင်းဖြစ်ကြောင်း သိရ သည်။
အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာသည် စဉ့်ကူး၊ သပိတ်ကျင်း နယ်မြေခံ အ များစု အပါအဝင် အင်အားများစွာဖြင့် စုဖွဲ့ထားသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာဖြစ်သည်နှင့် အညီ မန္တလေးတိုင်း အ တွင်းရှိ နယ်မြေများ၏ တော်လှန်ရေးဆိုင်ရာ လုပ်ငန်းများတွင် အားအင်အပြည့်ဖြင့် ကြိုးစားဆောင် ရွက်နေလျက် ရှိကြောင်း အသိပေးထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာအနေဖြင့် မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် တွဲဖက်၍ မိမိတို့မွေးဖွားအခြေတည်ရာ ဒေသများကို ကာကွယ်ပြီး မိမိတို့ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ အခက်ခဲများစွာကြားမှ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နွေဦးတော်လှန်ရေးခရီး စတင်ခဲ့သည့်အချိန်မှစပြီး ကဏ္ဍအသီးသီးမှ အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ ကြပြီး မိုးကုတ်မြို့အပါအဝင် လွတ်မြောက်နယ်မြေများစွာကို စိုးမိုးနိုင်သည့်အထိ တော်လှန်ရေး ခရီးကို အောင်မြင်မှုများစွာဖြင့် လျှောက်လှမ်း နိုင်ခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်၏ ယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ် စဥ်းလဲမှုမျိုးစုံနှင့် တိုက်ခိုက်ခြေမှုန်းနေသော်လည်း တော်လှန်ရေးရဲဘော်များ အနေဖြင့် တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်တော်လှန်မည်ဖြစ်ကြောင်း အသိပေးထားသည်။
တော်လှန်ရေး ခရီးတစ်လျှောက် မည်သို့ပင်ခက်ခဲသည့် အချိုးအကွေ့များဖြင့် ကြုံရသည်ဖြစ်စေ ရည် မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ မမှိတ်မသုန် မဆုတ်တမ်းဆက်လက် ချီတက် သွားမည်ဖြစ်ပြီး တော်လှန်ရေး အောင်မြင်သည်အထိ မဟာမိတ်များနှင့် ဆက်လက်ချီတက် တိုက်ပွဲ ဝင်သွားပါမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကတိသစ္စာပြုထား သည်။
ဓာတ်ပုံ- မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)။