ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကအင်မတန်စိုးရိမ်စရာကောင်းတယ်လို့ NUG တာဝန်ရှိသူပြော ဒီဇင်ဘာ-၁၆၊၂၀၂၅။တေဇ/People’s Spring နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက သားဖြစ်သူကိုထိန်လင်း စိတ်ပူသလိုပဲ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ဝန်ကြီး ချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခြေအနေက အင်မတန်မှ စိုးရိမ်စရာကောင်းပါတယ်။ကျွန်တော်တို့လည်း အင်မတန်စိုးရိမ်တယ်။ဘာဖြစ် လို့လည်းဆိုတော့ သူမနဲ့ပတ်သက်ပြီးတော့ စစ်တပ်ဘက်က ထုတ်ပြောတဲ့ အချက်အလက် တွေ သူတို့ဘက်က […]