စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက်(၁၀၀) စီမံကိန်းအတွင်း တစ်နိုင်ငံလုံး လျှပ်စစ်မီးပျက်
AAMIJ / မေ ၁၃
ဒီနေ့ နေ့လည် ၂ နာရီ ၄၄ မိနစ်လောက်ကစပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီးပျက်တောက်နေတယ်လို့ စစ်တပ်လက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်တိုင် သမ္မတလုပ်ယူပြီးနောက် ရက်(၁၀၀) စီမံကိန်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ ပြောထားပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ လျှပ်စစ်မီးကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျက်တောက်နေတာဖြစ်ပြီး၊ ဒီလိုဖြစ်တာလည်း အခုတစ်ကြိမ်တည်း မဟုတ်တော့ပါဘူး။
ဘယ်အချိန်မှာ လျှပ်စစ်မီး ပြန်လာမလဲဆိုတာကိုတော့ စစ်တပ်လက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အချိန်တိတိကျကျ မထုတ်ပြန်သေးပါဘူး။
ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကတော့ Gas Turbine အချို့ကို သီးခြားမောင်းနှင်ပြီး ဆေးရုံကြီးတွေ လျှပ်စစ်မီးရဖို့ ဦးစားပေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။