ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကအကျအဆုံးအထိအခိုက်များနေ
“ရက်ပေါင်း ၃၀ရက်(သို့မဟုတ်) ၄၅ရက်သင်တန်းပေးပြီး ရှေ့တန်းသို့ပို့နေသဖြင့် လူသစ်များကျဆုံးမှုများနေဟုဆို” နိရဉ္စရာ၊ နိုဝင်ဘာ ၂၀/၂၀၂၅ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြီး ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်မှုထမ်းများကို ရက်ပေါင်း ၃၀ ရက် (သို့မဟုတ်) ၄၅ ရက် သင်တန်းပေးပြီး ရှေ့တန်းသို့ ပို့နေသဖြင့် လူသစ်များ ပိုပြီးကျဆုံးမှုများနေသည်ဟု သတင်းရရှိသည်။ အထူးသတင်းတပ်ဖွဲ့- ပုသိမ်၏ နိုဝင်ဘာ ၁၈ ရက်နေ့ထုတ်ပြန်ချက်ထဲတွင် အနောက်တောင်တိုင်းစစ်ဌာချုပ် (နတခ) တွင် ဒဏ်ရာရတပ်သားအလွန်များပြားနေသဖြင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံသို့ပို့ဆောင်နေရသည်ဟု ရေးသားဖော်ပြထားသည်။ “ […]