စားရင်လည်းသေနိုင် ကိုက် (တုတ်) ရင်လည်းသေနိုင်
ရေဘဝဲကြိုက်သူများ မစားခင် အပြာရောင် အကွင်းများ ပါမပါ စစ်ကြပါရန်

Myanmar Biodiversity
Admin – Khant Sithu Aung
greater blue-ring octopus
( Hapalochlaena lunulata )
အဆိပ်ပြင်း
သူတို့ရဲ့ TTX အာရုံကြောအဆိပ်က “ဖြေဆေး” ASV မရှိပါဘူး။ သူတို့အဆိပ်က ငါးပူတင်းတွေရဲ့အဆိပ် Tetrodotoxin နဲ့ Elapid မြွေအမျိုးအစ၊ားတွေရဲ့အဆိပ် Neurotoxin ကိုရောထားတာပါ။ Protein based အဆိပ်မဟုတ်တာမို့ မီးအပူပေးပြီးချက်ရင်တောင်အဆိပ်ကဓာတ်မပြယ်ပါ။ Sarမိတာနဲ့မိနစ်ပိုင်းလေးအတွင်းမှာတင်အာရုံကြောတွေဆိုင်းသွားတတ်ပါတယ် နောက်ဆုံးကိုယ်တွင်း Organ တွေပါအလုပ်မလုပ်တော့ဘူးဗျ။ sarမိတာနဲ့tay ဖို့ရာခိုင်နှုန်းအပြည့်ပါ။
ရေဘဝအဆိပ် – Dr Tun
ရေဘဝဲသည် တက်ထရိုဒိုတောက်ဆင်၊ ဟစ်စတမင်း၊ ထရစ်ပမင်း၊ အောက်တိုပမင်း၊ တော်ရင်း၊ အက်စီတိုင်းလင်း နှင့် ဒိုပါမင်းတို့ပါဝင်သော အဆိပ်ကို ထုတ်လုပ်သည်။ အဆိပ်သည် ပျို့အန်ခြင်း၊ အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ ပြင်းထန်ပြီး တစ်ခါတစ်ရံတွင် လုံးဝလေဖြတ်ခြင်းနှင့် မျက်စိကွယ်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး ကုသမှုမခံယူပါက မိနစ်ပိုင်းအတွင်း သေဆုံးနိုင်သည်။ ရင်ဝမ်းခေါင်း ကြွက်သား ရပ်ပြီး အသက်ရှူကြပ်ခြင်းကြောင့် သေဆုံးခြင်းဖြစ်လေ့ရှိသည်။
အဆိပ်ကို ရေဘဝဲ၏ အနောက်ဘက် တံတွေးဂလင်းတွင် အင်ဒိုဆမ်ဘိုင်အိုတစ် ဘက်တီးရီးယားများမှ ထုတ်လုပ်သည်။ တံတွေးဂလင်းများတွင် tubuloacinar exocrine ဖွဲ့စည်းပုံရှိပြီး အူလမ်းကြောင်းသွေးနေရာတွင် တည်ရှိသည်။”
ဒီလိုစျေးဝယ်ရင်းပါလာတဲ့ case ကို share ချင်ရင် post owner ဆီကခွင့်တောင်းပြီး ss ယူပြီး share လို့ရပါတယ်။ Myanmar Biodiversity group လေးကို creditတော့ပေးပေးပါ
#admin
All about Snakes- Saw Thanda Awng