ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား လွတ်‌မြောက်ရေး အိမ်ဖြူတော်ရှေ့ ဆန္ဒထုတ်ဖော်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား လွတ်‌မြောက်ရေး အိမ်ဖြူတော်ရှေ့ ဆန္ဒထုတ်ဖော်
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦး၀င်းမြင့်အပါအ၀င် ဖမ်းဆီးခံနိုင်ငံရေး အကျဥ်းသားများ အားလုံး လွှတ်ပေးရန် အမေရိကန်ရောက်မြန်မာပြည်ဖွားအချို့ အောက်တိုဘာလ ၂၄ ရက်ညနေက အိမ်ဖြူတော်ရှေ့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
ထို့ပြင် မလေးရှားနိုင်ငံတွင် ကျင်းပနေသော အာဆီယံထိပ်သီးညီလာခံ၌ နေ့စဉ်အကြမ်းဖက်၊ ဗုံးကြဲ ပြီး အပြစ်မဲ့ ကလေးများ အပါအဝင် ပြည်သူများကို သတ်ဖြတ်နေသည့် စစ်ကော်မရှင်၏ ရာဇဝတ်မှုများ ထုတ်ဖော်ရှုံ့ချပြီး ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ပေးရန်၊ တရားမဝင် ၊ အတုအယောင် ၊ အလိမ်အညာ ရွေးကောက်ပွဲကို လုံးဝ လက်မခံ‌ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားပေးရန်ကိုလည်း တောင်းဆိုခဲ့သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်သူ ဦးရင်အေးက ပြောသည်။
.
အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအ‌‌‌ဝေးသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မည် ဖြစ်ပြီးအာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများလွတ်‌မြောက်ရေး အမေရိကန်ရောက်မြန်မာပြည်ဖွားအချို့ အိမ်ဖြူတော်ရှေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
ဓာတ်ပုံ-ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup