မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)
အောက်တိုဘာ ၂၅၊ ၂၀၂၅

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကားလမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီး ၅၇ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။
တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်မှ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သိရပြီး၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း ၊မြင်းခြံ ခရိုင် အမှတ် (၈)တပ်ရင်း ၊နွားထိုးကြီးမြို့နယ် ပကဖ၊ ရေစကြိုတပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-Myingyan District Army – 1 – 801