 
သီပေါကျပြီးနောက် ရှမ်းမြောက်မှာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြို့ ၂၀ ဘယ်လိုဆက်ဖြစ်မလဲ
ဒီပ/People’s Spring 

စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်
လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက သီပေါမြို့ကို အောက်တိုဘာ ၁၆ ညနေမှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် ရှမ်းမြောက်မှာ ပြန်ထိန်းချုပ်နိုင်တဲ့မြို့ ၄ မြို့ရှိလာပါတယ်။၁၀၂၇စစ်ဆင်ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေက ရှမ်းမြောက်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မြို့ပေါင်း ၂၂ မြို့ ရှိပါတယ် ။ TNLA က ၁၂ မြို့ ၊ MNDAA က ၉ မြို့ နဲ့  ၂၀၂၄ ဇန်နဝါရီမှာ KIA က မဘိမ်းမြို့ တို့ကို သိမ်း
ပိုက်ထားတာပါ။
ဒါအပြင် ညီနောင် မဟာမိတ်သုံးဖွဲ့က ဟိုပန် နဲ့ ပန်လုံမြို့တွေကိုသိမ်းပိုက်ထိန်ူချုပ်ပြီး ‘ဝ’တပ်ဖွဲ့ -UWSA ကိုလက်လွှဲပေးခဲ့ပါတယ် ။ တချိန်တည်းမှာ TNLA ၊PDF နဲ့ ဒေသခံတော်လှန်ရေးတပ်တွေက မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့ ၊စဥ့်ကူးမြို့ ၊တကောင်းမြို့ နဲ့  မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပါ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။
ဒါပေမယ့် တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက် ဖိအားပေးမှုတွေကြောင့် ၁၀၂၇ စစ်ဆင်ရေးဟာရပ်တန့်သွားခဲ့ရတဲ့အပြင် MNDAA က လားရှိုးမြို့ကို ၂၀၂၅ ဧပြီလမှာ ကျည် ၁ ချက်မဖောက်ရပဲလက်လွှဲပေးခဲ့ပါတယ် ။ ဒါအပြင် တရုတ်အစိုးရက ရှမ်းမြောက်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို ထိုးစစ်တွေဆက်မလုပ်ဖို့ ဖိအားပေးခဲ့သလို ၊အာဏာသိမ်းစစ်တပ်ကို  ဒရုန်း၊လေယာဥ်ကစပြီးလက်နက်ခဲယမ်း ငွေကြေး ၊နည်းပညာတွေကူညီခဲ့တာကြောင့် လူငယ်သောင်းပေါင်းများစွာကိုအဓမ္မစစ်သားသစ်စုဆောင်းထားတဲ့ စစ်တပ်က အခုနှစ်မှာ တန်ပြန်ထိုးစစ်ဆင်လာနိုင်ခဲ့ပါတယ် ။
ရှမ်းမြောက်မှာလည်း တရုတ်ကဖိအားပေးခံနေရတဲ့ ညီနောင်သုံးဖွဲ့ထိန်းချုပ်ဒေသတွေကို တန်ပြန်
ထိုးစစ်ဆင်ရင်း ပြီးခဲ့တဲ့ သြဂုတ်လ လယ်မှာ နောင်ချိုမြို့ ၊ အောက်တိုဘာ ၁ ရက်မှာကျောက်မဲမြို့ ၊ အောက်တိုဘာ ၁၆ မှာ သီပေါမြို့တို့ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ရှမ်းမြောက်မှာ TNLA က ၉ မြို့ ၊ MNDAA က ၈ မြို့ ၊ KIA က ၁ မြို့ ၊ UWSA ထိန်းချုပ်ထားတာ ၂ မြို့ရှိနေဆဲဖြစ်ပါတယ်။ဒါအပြင်မူဆယ်မြို့ကိုသာ တရုတ်
က မတိုက်ခိုင်းလို့ ညီနောင်မဟာမိတ်တွေမသိမ်းခဲ့ရပေမယ့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို AA ၊MNDAA ၊ TNLA တို့ကသိမ်းပိုက်ထိန်းချုပ်ထားသလို ၊ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖက်ကာရွာ နဲ့ စစ်တပ်ရဲ့ ခလရ(၁၂၃)တို့ကို KIA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။
စစ်တပ်ကရှမ်းမြောက်အပြင် သပိတ်ကျင်းမြို့ကိုပါသြဂုတ်လမှာ ပြန်ထိန်းချုပ်နိုင်ခဲ့သလို ၊မတ္တရာမြို့နယ်အရှေ့ခြမ်းက ဆုံးရှုံးထားတဲ့ နေရာအများစုကိုလည်းပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါအပြင် မိုးကုတ်မြို့ကိုပါ စစ်တပ်က စစ်ကြောင်းတွေထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ် ။
တရုတ်အစိုးရကရော ၊အာဏာသိမ်းစစ်တပ်ကပါ ပြန်ဖွင့်စေချင်နေတဲ့ မြန်မာ-တရုတ်နယ်စပ်ကုန်
သွယ်ရေးရဲ့အဓိက လမ်းကြောင်းဖြစ်တဲ့ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမှာဆိုရင် မန္တလေး-ပြင်ဦးလွင်-နောင်ချို -ကျောက်မဲ-သီပေါ အထိ လမ်းကြောင်းပွင့်ပြီလို့ စစ်တပ်ကဆိုပါတယ်။ဒါပေမယ့် သီပေါ ၊ကျောက်မဲ ၊နောင်ချိုမြို့နယ်တွေမှာ မြို့ပေါ်ကိုထိန်းချုပ်နိုင်တာမှန်ပေ
မယ့် ကားလမ်းတွေ ၊ကျေးရွာတွေ ၊တောတောင်တွေ စတဲ့မြို့နယ်တွေကိုပါ စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်တာဟုတ် ၊မဟုတ်ကိုတော့ရှင်းရှင်း
လင်းလင်းမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုရင် စစ်တပ်က အခုအပါတ်ထဲမှာပဲ ထိန်းချုပ်ထားတယ်ဆိုတဲ့ ကျောက်မဲ ၊သီပေါ ၊နောင်ချိုမြို့နယ်ထဲက အချို့ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေပြီး နယ်မြေတွေကိုထိန်းချုပ်ရှင်းလင်းဖို့ကြိုးစားနေတဲ့အခြေအနေကိုတွေ့နေရဆဲဖြစ်တာကြောင့်ပါ ။
TNLA ၊ MNDAA ၊ KIA ၊ UWSA တို့ကရှမ်းမြောက်မှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေ၊ဒေသတွေကို ထပ်ထိန်းချုပ်ထားနိုင်မလား၊စစ်
တပ်က တန်ပြန်ထိုးစစ်ဆင်လာပြီး ပြန်လက်လွှတ်ရမလား ဆိုတာကိုတော့ အချိန်ကအဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ် ။ရှမ်းမြောက်နဲ့ မန္တလေးတိုင်း ဒေသအချို့ရဲ့ နယ်မြေစိုးမိုးမှု စစ်ရေးအခြေအနေကို အောက်ပါအင်ဖိုဂရပ်မှာလေ့လာနိုင်ပါ
တယ် ။