လက်ပံတန်းမှာ စစ်တပ်စစ်​ကြောင်းပျက်​သွားတဲ့တိုက်ပွဲ

လက်ပံတန်းမှာ စစ်တပ်စစ်​ကြောင်းပျက်​သွားတဲ့တိုက်ပွဲ
အောက်တိုဘာ-၁၆၊၂၀၂၅။မိုမို/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ စစ် ကြောင်းမှ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ ဦးကို ဖမ်းဆီးရရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။
လက်ပံတန်းမြို့နယ် လွှစင်ကုန်းလမ်းကတဆင့် ပတဲကောကျေးရွာ မှ သရက်ချောင်းကျေးရွာကို အောက် တိုဘာ ၁၅ ရက် မနက် ၁၀ နာရီမှာ တိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုမှာ အင်အား ၆၀ ပါပြီး သရက်ချောင်းရွာကို မီးရှို့နေ့တဲ့အချိန် တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
တိုက်ပွဲ ကြာချိန် ၁ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီ တပ်သားတွေ ဖရို ဖရဲ ဆုတ်ခွာသွားပြီးလိုက်လံ ချေမှုန်းခဲ့တာမှာ ၁၅ ဦးကျော်သေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိတာလို့ အသိပေးပါတယ်။
“စနိုက်ပါ သမားပါတယ်။တပ်ကြပ်ကြီး။ကျန်တဲ့အရာရှိတွေတော့ မပါဘူး။အခု စကစ က သရက်ချောင်းရွာကို မီးဝင်ရှို့နေတယ်”လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ပြောရေးဆိုခွင့်ရှိသူ တပ်ခွဲမှူး ဗိုလ်တိမ်တိုက်က ပြောပါတယ်။
သိမ်းရတဲ့လက်နက်တွေအရ G-4 စက်ကလေး လေးလက်၊G3 ငါးလက်၊G-2 ငါးလက်၊MA -12 နှစ်လက်၊MA- 3 တစ်လက်၊စက်ကလေး တစ်လက်၊ကာဘိုင်တစ်လက်၊MAS Sniper တစ်လက်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေပူး
ပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်တပ် စစ်​ကြောင်းပျက်ခဲ့တဲ့ အဆိုပါတိုက်ပွဲကို
NUG ကာကွယ်​ရေးဝန်ကြီးဌာန နဲ့ အမှတ်(၂)စစ်
ဆင် ရေးနယ်မြေ ကလည်းသတင်းထုတ်ပြန်ပါတယ်။တိုက်ပွဲအတွင်း ကာကွယ်ရေး ရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“စခ တွေ အထိနာသွားတော့ လက်ပံတန်း နဲ့ ပဲခူး အနောက်ခြမ်းတွေ လေကြောင်း အထူးဂရုစိုက် ဖို့လိုတယ်”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ပံတန်းမြို့နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ သရက်ချောင်းကျေးရွာဟာ ၆ မိုင်​ကျော်ပဲကွာ​ဝေးတာဖြစ်ပါတယ် ။
​အောက်တိုဘာ လ ၁ ရက်ကလည်းလက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာတဲ့ အင်
အား ၂၀ ကျော်ပါ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကနှစ်ဦးသေပြီးသေနတ်၂လက်
နဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။
ရုပ်သံ-​ပေးပို့