
ကျောက်တော်မြို့နယ်စာသင်ကျောင် လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ဆက်စပ်တဲ့အချက်အလက်တွေကို ကုလယန္တရား တောင်းခံ
စက်တင်ဘာ-၁၆၊ ၂၀၂၅။ People’s Spring
ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုယန္တရား
(IIMM)က တောင်းခံထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)ဟာ စက်တင်ဘာ ၁၂ ရက်က ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊သရက်တစ်ပင်ကျေးရွာရှိကျောင်းအဆောက်အဦ လေ
ကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်အကြောင်း မျက်
မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ အထောက်အထားမျှဝေဖို့ တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးသေဆုံးသူ ၂၀ ဦးရှိပြီး အများစုမှာ ကျောင်းသားများဖြစ်ကာ ၂၀ကျော်ဒဏ်ရာရခဲ့ပါတယ်။
ကုလယန္တရား(IIMM)ဟာ အဲဒီဖြစ်ရပ်အပါအဝင် အခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ အ
သိပေးပါတယ်။၏
ကျောက်တော်မြို့နယ်စာသင်ကျောင်းလေ
ကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ လေယာဥ်နဲ့ လက်နက်ခဲယမ်းများရဲ့ ဓာတ်ပုံဒါမဟုတ် ဗီဒီယိုများ၊ထိခိုက်သူများ
ရဲ့ အချက်အလက်များ၊ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်နဲ့ လက်နက်အမျိုးအစားများရဲ့ အချက်အလက်များ၊ ပါဝင်သူလေယာဥ်မှူးများနဲ့ ပေးအပ်တဲ့ အမိန့်များရဲ့ အချက်အလက်များကို တောင်းခံထားပါတယ်။
အဲဒီအချက်အလက်များကို လက်ဝယ်ရရှိထားပါက ယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 ကို ဆက်သွယ်ဖို့ အသိပေးပါတယ်။
အဲဒီဝမ်းနည်းဖွယ်ရာဖြစ်စဥ်ဟာ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းများကိုဆိုးရွားစွာတိုက်ခိုက်မှုတွေမှာတစ်ခုအပါ
အဝင်ဖြစ်တယ်လို့ ကုလယန္တရားက ဖော်ပြပါတယ်။
ဒါ့အပြင် အခုတကြိမ်လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ခိုက်မှုများ၊သတ်ဖြတ်မှုများ၊ အတင်းအကြပ်
နေရပ်မှ ရွှေ့ပြောင်းခံရခြင်းများနဲ့ ငတ်မွတ်ခေါင်း
ပါးမှုများ ကြုံနေရတဲ့ ရခိုင်ပြည်နယ်ရှိ အရပ်သားလူမျိုးစုများအားလုံးရဲ့ ခံစားရတဲ့ ဒုက္ခများကို ပိုမိုဆိုးရွားစေတယ်လို့ ဆက်လက်ဖော်ပြပါတယ်။
ယန္တရားကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းဖို့နဲ့ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။
နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးများမှာ လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာမှာ အသုံးပြုနိုင်မယ့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနဲ့သက်ဆိုင်တဲ့ ဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနဲ့ တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
(စစ်တပ်ဗုံးကြဲမှုကြောင့်သေဆုံးခဲ့တဲ့ကျောင်းသားကျောင်းသူများ။ဓါတ်ပုံ-AA Info Desk)