
နောင်ပိန်တိုက်ပွဲပြင်းထန် ၊ စစ်တပ်ရှေ့မတ်ိုးနိုင်
စက်တင်ဘာ-၇၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကိုစစ်
ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဟာနောင်ပိန်ကနေ ရှေ့ဆက်မတိုးနိုင်ဘဲ TNLA ပူးပေါင်းတပ်များ က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကကျောက်မဲမြို့ကို လေ
ကြောင်းမှ မကြာခဏဗုံးကြဲနေသည်။
ကျောက်မဲမြို့နယ်သို့ သွားသည့်လမ်းပိုင်းမှ နောင်ပိန်တိုက်နယ်ကို သြဂုတ်လ၁၉ ရက်နေ့တွင် စစ်
တပ်စစ်ကြောင်းများဝင်ရောက်လာပြီးနောက် TNLA၊PDFပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတိုက်ပွဲစတင်ဖြစ်ခဲ့ပြီးစက်တင်ဘာလ ၇ ရက်အထိ တိုက်ပွဲပြင်းထန်နေသည်။
“တိုက်ပွဲမှာသုံ့ပန်းတွေပါဖမ်းမိတာရှ်ိတယ်။ စစ်မှု
ထမ်းသင်တန်းဆင်းတွေ များတယ်။တိုက်ပွဲက နောင်ပိန်ရွာထဲနဲ့ ပင်တိန်ရွာထဲမှာ အပြင်းထန်ဆုံးဖြစ်နေတာပါ။ စစ်တပ်ကလေကြောင်းနဲ့ ဒရုန်းတော်တော်သုံးတယ်”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ဒေသခံအများစုစစ်ရှောင်နေကြသော်လည်း မရှောင်နိုင်သူအချို့ရှိနေကာ လေကြောင်းနှင့် လက်
နက်ကြီးတိုက်ခိုက်မှုများကြောင်း ထိခိုက်သေဆုံးမှုများရှိနေသည်။
“စက်တင်ဘာ ၅ရက်က လက်နက်ကြီးထိလို့ ဆုံးသွားတဲ့ အမျိုးသမီးကို အခုထိ မသယ်နိုင်သေးဘူး။ပိတ်မိနေသူကိုစစ်တပ်ကဓါးစာခံလို့ လုပ်ထားတယ်” ဟု နောင်ပိန်စစ်ရှောင်တစ်ဦးကပြောသည်။
စစ်ကောင်စီသည် စက်တင်ဘာ ၆ ရက်တွင်နောင်ပိန်ရွာကိုရော ကျောက်မဲမြို့ကိုပါ လေကြောင်းမှ ဗုံးကြဲခဲ့သည်။
စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင် တိုက်ပွဲတွင်အသာရနေပြီးကျောက်မဲမြို့ကိုတိုက်ခိုက်တော့မည်ဖြစ်ကာ နောင်ပိန်ရွာတိုက်ပွဲတွင်လည်း TNLA ဆုတ်ခွာနေကြောင်း သတင်းမှားများဆက်တိုက်ဖော်ပြနေကြသည်။ လက်ရှိစစ်ရေးအခြေအနေအရ TNLA သည် ခုခံစစ်ကိုဆင်နွှဲနေပြီး ကျောက်မဲမြို့နယ်အတွင်းမှအရပ်သားများအတွက်လေကြောင်းအန္တရာယ်ကြီးမားနေကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်။
နောင်ပိန်တိုက်နယ်အတွင်းစစ်တပ်စစ်ကြောင်းဝင်ရောက်လာစဉ် အရပ်သားများအားပစ်မှတ်ထားသတ်ဖြတ်မှုများကျူးလွန်ခဲ့၍ ကျောက်မဲ-နောင်ပိန်လမ်းတလျှောက်မှ ကျေးရွာများအန္တရာယ်ကြီး
မားနေသည်ဟု၎င်းကပြောသည်။ ကျောက်မဲမြို့
နှင့်နောင်ပိန်တိုက်နယ်သည် ၁၅မိုင်ခန့် ဝေးပြီး လမ်းတလျှောက်နှင့် ပတ်ဝန်းကျင်၌ ရွာဆယ်ရွာထက်မနည်းရှိနေသည်။
လတ်တလောတိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်အတွင်း ကျေးရွာပေါင်း၂၁ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော်သည် သီပေါ၊ လားရှိုးမြို့နယ်များဘက်သို့ထွက်ပြေး တိမ်းရှောင်နေကြရသည်။
လက်ရှိတွင် နောင်ပိန်တိုက်နယ်အတွင်း၌ တိုက္ ပွဲများပိုမိုပြင်းထန်လာမှုကြောင့်ဒေသခံပြည်သူ ထောင်ချီသည် အနီးအနားရှိဘေးလွတ်ရာ ဒေသများသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီးအကူ အ
ညီများစွာလိုအပ် နေ၍ ဝိုင်းဝန်းကူညီပေးရန် သျှမ်းကျောင်းသားသမဂ္ဂက မေတ္တာရပ်ခံထားသည်။
(TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-TNLA)