
မော်လိုက်က စစ်တပ်နဲ့ပျူပူးပေါင်းစခန်းကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်
သြဂုတ်-၁၉၊၂၀၂၅။နေ့သစ်/People’s Spring
စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ် မှာ စစ်တပ် နဲ့ပျူစောထီးတွေပူးပေါင်းတပ်ထိုင်ထားတဲ့ စခန်းကို တော်လှန်ရေးတပ်တွေက သြဂုတ် ၁၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ် ။
မောလိုက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ပျူ ပူးပေါင်းစခန်းထိုင်တဲ့ ပထမဆုံးစခန်းဖြစ်သလို အခိုင်အမာတည်ဆောက်ထားတဲ့ ထော်သာစခန်းကို သြဂုတ်လ ၁၅ ရက်ညနေမှာ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာပါ။
“မော်လိုက်မြို့နယ်ရဲ့ ပထမဆုံး ပျူနဲ့ စကစနဲ့ပေါင်းနေတဲ့ စခန်း။စစ်သုံ့ပန်းလက်နက်ကိုင်တာက ၇၀ ၊ မိသားစုဝင်တွေက ၁၅၀ “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးကပြောပါတယ် ။
သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းဓါတ်ပုံတွေနဲ့ စခန်းသိမ်းပုံတွေကို PDF အချို့က ဓါတ်ပုံနဲ့ရုပ်သံတင်ထားတာမှာ လက်နက်မျိုးစုံ အနည်းဆုံး ၂၃ လက်သိမ်းဆည်းရရှိတာတွေ့ရပါတယ် ။ စစ်သုံ့
ပန်းအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့တာကို လည်းတွေ့ရပါတယ် ။
စခန်းသိမ်းပြီးနောက် စစ်တပ်က စစ်ကူထပ်လာသူတွေကိုလည်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး သြဂုတ်လ ၁၈ ရက်အထိတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ် ။ စစ်ကူလာတဲ့ စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေ တိုက်တာမှာသေဆုံး၊ဒဏ်ရာရသူများသလို စစ်သုံ့ပန်းအချို့ပါ ထပ်ဖမ်းမိတဲ့အတွက် စစ်ကူစစ်ကြောင်းလည်း အထိနာလို့ပြန်ငြိမ်သွားတယ်လို့ သိရပါတယ် ။
“စစ်ကြောင်းအထိနာပြီး ပြန်ငြိမ်နေတာ အရာရှိတွေပါကျတာ” လို့တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။
ထော်သာစခန်း နဲ့ စစ်ကူစစ်ကြောင်းတွေကို မော်လိုက်မြို့နယ်ကတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။
(စစ်တပ်နဲ့ ပျူပူးပေါင်းအထိုင်ချတဲ့ ထော်သာစခန်းကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးနောက်တွေ့ရစဥ်။ရုပ်သံ-မြောက်ပိုင်းကျား)