စစ်တပ်လက်နက်ကြီး​ကြောင့် ရွှေဘိုကမဟာဓာတ် အားလိုင်းပျက်စီးမှု NUG နဲ့ စစ်ကောင်စီ နှစ်ဘက်လုံးသွားပြင်လို့မရဖြစ်နေ

စစ်တပ်လက်နက်ကြီး​ကြောင့် ရွှေဘိုကမဟာဓာတ်
အားလိုင်းပျက်စီးမှု NUG နဲ့ စစ်ကောင်စီ နှစ်ဘက်လုံးသွားပြင်လို့မရဖြစ်နေ
ဇူလိုင်-၂၉၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်မဟာဓာတ်အားလိုင်းထိမှန်ပျက်စီးပြီး တစ်မြို့လုံးလျှပ်စစ်မီးသုံး ပတ်နီးပါး ပြတ်တောက်နေကာ ဒေသခံတွေ အခက်​တွေ့နေကြပါတယ်။
ဇူလိုင်လအတွင်းစစ်ကိုင်း၊အုန်းတောကစတင်​ပြီး စစ်ကောင်စီစစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဇူ
လိုင် ၉ ရက် မနက်ပိုင်းမှာ ၂၃၀ ကေဗွီအုန်းတော
-ရွှေဘို မဟာဓာတ်အားလိုင်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုတချို့ ရှိခဲ့ကြောင်း၊ ကေဘယ်ပျက်ကျတဲ့နေရာဟာ စစ်ကိုင်း၊ ဆားတောင် ပုဂံတူခွဲရုံနဲ့ သစ်ချိုကုန်းရွာအနီးမှာ ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရှိကာ တိုက်ပွဲဖြစ်နေလို့ ပြန်ပြင်ဖို့ အခက်အခဲရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ရွှေဘိုခရိုင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနကလည်း ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ ယခုဓါတ်အားပြတ်တောက်ရတဲ့အကြောင်းရင်းနဲ့ ဓာတ်အားပို့လွှတ်မှုအခြေ
အနေဟာ စစ်ကောင်စီထိန်းချုပ်မှူအောက်မှာ ရှိနေကြောင်း NUGရဲ့ ရွှေဘိုခရိုင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။
အလားတူ စစ်ကောင်စီရဲ့ လျှပ်စစ် ဝန်ထမ်းတွေကလည်း သူတို့လုံခြုံရေးကြောင့်သွားမပြင်ရဲလို့ ကြန့်ကြာနေတာဖြစ်ကြောင်းမြို့ခံတချို့ကဆိုပါတယ်။
ဒီလိုနဲ့လျှပ်စစ်ဓာတ်အားပြတ်တောက်တာ ၃ ပတ်နီးပါးရှိလာလို့ အခက်အခဲတွေ တွေ့နေရကြောင်း မြို့ခံတွေက ပြောပါတယ်။
“ပြင်တဲ့အဖွဲ့တွေလည်း သွားမရဘူးပြောတယ်။ မီးစက်နဲ့သုံးနေရတော့ ဒီဇယ်ဖိုးနဲ့ကို တော်တော်ကုန်နေပြီ။”လို့ ရွှေဘိုမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမှုကြောင့် ဖုန်းလိုင်းတွေနဲ့ ဖိုင်ဘာအင်တာနက်လိုင်းတွေပါ လိုင်းအဆင်မပြေမှုများရှိလာပြီး အဆက်အသွယ်တွေပြတ်တောက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ
နိုင်ငံဒေသအသီးသီးမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) နဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ငန်း​တွေလည်ပတ်ဖို့၊ရပ်တည်ဖို့ပါ အခက်တွေ့နေရပါတယ်။
(ရွှေဘိုပင်မဓာတ်အားခွဲရုံကို ၂၀၁၉ ခုနှစ်အတွင်းကတွေ့ရစဥ်။ ဓာတ်ပုံ-ပြန်ဆက်)