ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

မလေးရှားနိုင်ငံ၊ ဆလန်ဂေါ ပြည်နယ်တွင် နေထိုင်သော အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် Power Toto 6/55 ထီမှ Jackpot ဆုကြီးကံထူးကာ ရင်းဂစ် ၁၄ ဒသမ ၆ သန်း ရရှိသွားသည်။

ထိုအမျိုးသားက ချစ်သူမိန်းကလေး(ရည်းစား၏) မှတ်ပုံတင်နံပါတ်များဖြင့် ကံစမ်းခဲ့ရာမှ ထီဆုကြီး ကံထူးသွားခြင်း ဖြစ်သည်။

၎င်း ကံစမ်းခဲ့သော နံပါတ်တွဲမှာ 4, 8, 11, 18, 20 နှင့် 29 တို့ဖြစ်ပြီး ချစ်သူမိန်းကလေးနှင့် တွဲခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သော ၃ နှစ်တာလုံး ယုံယုံကြည်ကြည်ဖြင့် ကံစမ်းနေခဲ့ခြင်း ဖြစ်သည်။

“ ဒီဂဏန်းတွေကိုပဲ အမြဲတမ်း ကံစမ်းပါတယ်။ ၈ ကြိမ်စာလောက် ကြိုတင်ဝယ်ယူ ကံစမ်းလေ့ရှိပါတယ်” လို့ပြောပါတယ်

ဇူလိုင်လဆန်းပိုင်းက ထီပေါက်စဉ်ကြည့်ပြီးချိန်တွင် တစ်ညလုံး အိပ်လို့မရခဲ့ပါဖူး,

နောက်နေ့ မနက်တွင်အိပ်ရာထပြီးတာနဲ့ STM ထီရုံးသို့သွားကာ ဆုငွေ ရင်းဂစ် ၁၄,၆၂၈,၇၀၁ ကို ထုတ်ယူခဲ့ပြီးဖြစ်ပါတယ်

ပထမဆုံး ထီပေါက်သည့်အကြောင်းကို မည်သူ့ကိုမှ မပြောဖြစ်ခဲ့ပါဖူးတဲ့

နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်လာတာ
မယုံနိူင်စရာ ဖြစ်နေလို့ပါတဲ့

ထီ​ပေါက်လို့ရတဲ့ ငွေနဲ့ စီး ပွားရေးအတွက်ရင်းနှီးမြှုပ်နှံမှုများ အသုံးချသွားမယ်လို့
ထီပေါက်သူအမျိုးသားက ပြောပြခဲ့ပါတယ်

https://www.thestar.com.my/news/nation/2025/07/10/selangor-man-wins-rm146mil-jackpot-using-his-girlfriends-mykad-number?fbclid=IwY2xjawL1G8RleHRuA2FlbQIxMQABHiDcHAP5WlxOhKjae65LsAnFG82x_J5d1qWKWAB9y–ojnd9mYfnlR62YcUB_aem_WVlr1zTsbA6hZO5dcnVLbg