မြန်မာအခြေစိုက်ကျားဖြန့်တွေက အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာကြောင်း အမေရိကန် လွှတ်တော်မှာ ဆွေးနွေး
ဇွန်-၂၆၊၂၀၂၆။People’s Spring
အမေရိကန် အောက်လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်
နွှယ်တဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအ
တွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာကြောင်း သတိပေးသွားပါတယ်။
အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ဆပ်
ကော်မတီ ကြားနာမှုမှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဒီဆွမ်ဘာက အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာအမေရိကန် မူဝါဒတွေနဲ့ ပတ်
သက်ပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။ အဲဒီ ကြားနာမှုမှာ ဆပ်ကော်မတီ ဥက္ကဋ္ဌယန်းကင်မ်နဲ့ အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာ အ
ခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဒီဆွမ်ဘာကို ပြောကြားခဲ့ပါတယ်။
ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံ အခြေစိုက် ကျားဖြန့်လုပ်ငန်းတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်မှာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၂.၅ ဘီလီယံလောက်ထိ များပြားခဲ့ကြောင်း၊ ဒါဟာ ၂၀၂၄ ခုနှစ်နဲ့ယှဉ်ရင် ၂၅ ရာခိုင်နှုန်း တိုးလာတဲ့ ပမာဏဖြစ်
ကြောင်းလည်း လွှတ်တော်ကြားနာမှုမှာ တင်
ပြသွားပါတယ်။
သူကအမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ မြန်မာ့ ပြည်တွင်းပဋိပက္ခ အဆုံး
သတ်နိုင်စေဖို့အတွက် သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
မြန်မာ့သုတေသနအင်စတီကျု (BRI)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်သူ ဇိုတွမ်မှုန်းက မြန်မာ့ အကျပ်အတည်း ကူညီဖြေရှင်းနိုင်ရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အဓိက နိုင်ငံရေး အင်အားစု နှစ်ခုစလုံးက အာရုံစိုက်မှု ရှိနေတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ပေါ်ထွန်းလာရေးအတွက် တုံ့ဆိုင်းမနေဘဲ လက်တွေ့ကျပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ အကူအညီတွေ ပေးအပ်ဖို့လည်း ထရမ့်ရဲ့ အစိုးရကို BRIက တိုက်တွန်းသွားခဲ့ပါတယ်။
ဒါ့အပြင်အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက မြန်မာ့ ဒီမိုကရေစီ အရေးအ
တွက် ဆက်လက် ထောက်ခံနေမယ်လို့ ပြော
ဆိုခဲ့တဲ့အပေါ် BRI ဥက္ကဋ္ဌက ကြိုဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မင်းအောင်
လှိုင် ဦးဆောင်တဲ့ စစ်တပ်က မြန်မာပြည်သူတွေရဲ့ လက်ထဲက အာဏာကို အဓမ္မ သိမ်းယူခဲ့ကြောင်း၊ အမေရိကန်ဟာ ဒီမိုကရေစီအ
တွက် အားပေးရပ်တည်မယ်လို့ အခိုင်အမာ ကြေညာထားတဲ့အတိုင်းမြန်မာ့အရေးမှာ ပြတ်သားတဲ့ လုပ်ရပ်တွေနဲ့ ပါဝင်ကူညီဖို့ လိုအပ်ကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား- BRI
(စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ လက်
နက်ကိုင်အဖွဲ့တွေက ၂၀၂၅ ဖေဖော်ဝါရီမှာ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းတယ်ဆိုပြီး
မြဝတီမြို့နယ်ကကျားဖြန့်အလုပ်ရုံတွေမှာ ဖိအားပေးခိုင်းစေခံရသူ ၊ ကိုယ်တိုင်လာလုပ်သူတွေကို နေရပ်ပြန်ပို့မယ်ဆိုပြီး စုထားစဥ်။ဓါတ်ပုံ-ရိုက်တာ)