ကပစ(၁၆)အနီးက ကာကင်းစခန်းတွေAAနဲ့ မဟာမိတ်တွေ ထပ်သိမ်း

ကပစ(၁၆)အနီးက ကာကင်းစခန်းတွေAAနဲ့ မဟာမိတ်တွေ ထပ်သိမ်း
ဇွန်-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
” ကပစ(၁၆)ရဲ့ ပတ်ချာလည်မှာ ကာကင်းစခန်းတွေထပ်ထပ်ဆောက်နေတာရှိတယ်။ ဘက်ဟိုးနဲ့ အခိုင်အမာ‌ဆောက်တာ။ အဲ့စခန်းတွေထဲက သုံးခုထပ်ရတာ”လို့စစ်ရေးသတင်းရင်းမြစ်က ဇွန်လ ၂၅ရက် မနက်ပိုင်းမှာပြောပါတယ်။
ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ် ။ဇန်နဝါရီလထဲမှာ (၆၆၆) ပွိုင့်ကုန်း နဲ့ ​မေလတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကိုသိမ်းယူနိုင်ခဲ့ပါတယ်။
၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အ
မှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။
မေလ(၄) ရက်ကနေမေလ (၇)ရက်အတွင်းတိုက်ပွဲတွေမှာတော့ ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း ၄ ခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပြီး စစ်တပ် ဘက်ကသေဆုံးသူ
၂၀ထက်မနည်းရှိခဲ့တယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess Media က ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ခဲ့ပါတယ်။
ကပစ အနီးဝန်းကျင်က တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ စကစ (၁၀) လက် အောက်ခံ ခြေ
မြန်တပ်ရင်းတွေဖြစ်တဲ့ခမရ(၃၆၃)၊ခမရ(၃၆၄)၊ ခမရ(၃၆၆) ၊ခမရ (၃၆၉) တပ်တွေပါဝင်နေတယ်လို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။
ပန်းတောင်းမြို့ဟာရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။ကပစ(၁၆)အနီးနဲ့ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာမ
ဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မတ်လအတွင်း သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာBPLAအပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့ ၊CDF အရှိုး စတဲ့​တော်လှန်​ရေးတပ်တွေလည်းပူး​ပေါင်း ပါဝင်တိုက်ခိုက်နေပါတယ်။
ကပစ(၁၆)အပြင် AA နဲ့ မဟာမိတ်တွေက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အခြေစိုက် ကပစ(၆)ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တဲ့စစ်ရေးပေါ်ဆောင်နေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့နဲ့ဆက်စပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်ထဲက ပကစ(၁၄)ကိုလည်း ပြီးခဲ့တဲ့ဧပြီလ၂၀ရက်နေ့မှာ ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )ကရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ထုတ်လုပ်ရေးစက်ရုံ နေရာ တွေကို ဦးတည် ပစ်ခတ်ခဲ့ပြီးအဆောက်အအုံ အချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့အခြား
အဆင့်နှစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF – Ashoဟာ AA နဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖြစ်ပါတယ်။
အလားတူ AAနဲ့ မဟာမိတ်တွေ ဖော်ဆောင်နေတဲ့တိုက်ပွဲတွေအနက် အခုရက်ပိုင်းမှာ ဧရာ
ဝတီတိုင်း၊ရေကြည်မြို့နယ်ကအမြောက်တပ်
(၃၄၄)ကို ဦးတည်တဲ့တိုက်ပွဲတွေလည်း ပြင်း
ထန်နေပါတယ်။ ဇွန်လအတွင်းတိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲက စစ်ကောင်စီစခန်းနှစ်ခုကိုလည်း သိန်းယူနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
စစ်တပ်မှာကပစစက်ရုံ ၂၅ ခုရှိပြီးပန်းတောင်းမြို့နယ်အပါအဝင် ပဲခူးတိုင်းထဲမှာ ၇ရုံ၊ မကွေးတိုင်းမှာ ၁၅ ရုံ၊ ပဲခူးနေပြည်
တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)
မှာ ၁ ရုံ ရှိပါတယ်။ အာဏာရှင်ဟောင်းဦးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့မိုင်ပေါင်းရာချိန်ဝေးတဲ့ဒေသတွေမှာ တည်
ဆောက်ခဲ့တာဖြစ်ပါတယ်။ AAနဲ့မဟာမိတ်‌
တွေကတော့ ရခိုင်ရိုးမကိုကျော်ဖြတ်ပြီး ကပစ တွေကို ရှင်းလင်းဖို့ စစ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။
(​၂၀၂၆ မေလဆန်းတိုက်ပွဲမှာ ကပစ ၁၆ ရဲ့ကာကင်းစခန်း​တွေက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-APM)