မုတ်သုံစတင်ဝင်ရောက်ပြီဖြစ်တဲ့ မကွေးတိုင်းဒေသကြီးမှာ လာမယ့် မေလ ၂၉ရက်၊ ၃၀ရက်၊ ၃၁ရက်တို့တွင်

မုတ်သုံစတင်ဝင်ရောက်ပြီဖြစ်တဲ့ မကွေးတိုင်းဒေသကြီးမှာ လာမယ့် မေလ ၂၉ရက်၊ ၃၀ရက်၊ ၃၁ရက်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးတွေရွာလာပါလိမ့်မယ်။ မကွေးတိုင်း အထက်ပိုင်းက ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်၊ အလယ်ပိုင်းက ချောက်ခရိုင်၊ မင်းဘူးခရိုင် ဒေသတွေမှာ နေရာကွက် မိုးများနိုင်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း အောက်ပိုင်းက ပုလဲ၊ မုံရွာ၊ ဆားလင်းကြီးနယ်တွေနဲ့ မန္တလေးတိုင်းက ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်တို့မှာလဲ အဲ့ရက်အတွင်း မိုးများရွာပါလိမ့်မယ်ခင်ဗျာ။

28-05-2026/6:00PM
Data Soure;GEM/GFS/JMA/ICON/UKMO/ECMWF/USAI
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#မကွေးတိုင်း #မန္တလေးတိုင်း #စစ်ကိုင်းတိုင်း #မိုးရွာမည် #မိုးများမည် #ဒေါက်တာစိုင်းခွန်အာကာ