နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲမှာစစ်မှုထမ်းသင်
တန်းဆင်းစစ်သားသစ်အများအပြားသေဆုံး
မေ-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့နတ်ရေကန်ဗျူဟာဘက်ကို အာ
ဏာသိမ်းစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေ ထပ်ပို့နေပြီးတိုက်ပွဲတွေဆက်
လက်ပြင်းထန်နေပါတယ်။
နတ်ရေကန်ဗျူဟာရဲ့နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူခဲ့ပြီးနောက် စစ်ကတပ်ကပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကို အင်
အားဖြည့်နေတာပါ။
“တိုက်ပွဲကတော့ဆက်ပြင်းထန်ပြီးလေကြောင်းကနေလာလာပစ်နေတာ။ကျွန်တော်တို့ဘက်ကိုလည်း စစ်မှုထမ်းသင်တန်းဆင်းတွေ ထပ်ပို့နေပြီး တိုက်ပွဲတွေမှာ သူတို့ အသေများတယ်။ အဓိက ကတော့ လေကြောင်းရန်ကို သတိထားရင်း စစ်ရေးဖော်ဆောင်နေတာပါ။သူတို့ကပဇီရွာနဲ့ဂုတ်ကြီးရွာဘက်ကနေ တိုးနေပါတယ်”လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကမေလ၂၅ ရက်နေ့လယ်ပိုင်းမှာ ပြောပါတယ်။
ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူလိုက်ပြီးတဲ့နောက် နတ်ရေးကန်ဗျူဟာကို သိမ်းယူဖို့ စစ်ရေးအရှိန်မြှင့်ထားပါတယ်။ စစ်
တပ်ကလည်း နတ်ရေကန်ဗျူဟာကနေနှစ်မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့
အရှေ့တောင်ဘက်က ဂုတ်ကြီးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။
စစ်တပ်ကပဒါန်းမြို့နယ်မှာရှိတဲ့အမှတ်(၉၀၅)အ
မြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကတ
ဆင့် ပဇီရွာနဲ့ ဂုတ်ကြီးရွာကို လက်နက်၊ ရိက္ခာနဲ့ လူအင်အားတွေပို့နေတာပါ။
မေလ ၂၄ရက်က တိုက်ပွဲမှာလည်း စစ်တပ်ဘက်ကသေဆုံးသူတွေထဲမှာစစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးပါတယ်လို့ နယ်မြေခံသတင်းရင်း
မြစ်ကပြောပါတယ်။
“မဟာမိတ်တွေဆီကနေရတဲ့သတင်းအရ ဧရာဝတီနဲ့ ပဲခူးက စစ်မှုထမ်းသင်တန်းဆင်းတွေ နတ်ရေ
ကန်ဘက်ကိုအများကြီး အပို့ခံရတယ်။ သေတာမှာ သူတို့ပဲ ပိုများတာ။ ရှေ့တန်းကို အတင်းအ
ကျပ်အပို့ခံနေရတာ”လို့တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။
နတ်ရေကန်ဗျူဟာကိုခုခံဖို့စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းထောင်ချီပြီးရှေ့တန်းကိုပို့ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းအတင်းအကျပ်စစ်သားစုဆောင်းထားတဲ့စစ်မှုထမ်းသင်တန်းဆင်း စစ်
သားသစ်တွေကို တိုက်ပွဲပြင်းထန်တဲ့ဒေသတွေကိုပို့ပြီးစစ်တိုက်ခိုင်းတာကြောင့် လူငယ်စစ်သားသစ်တွေ စစ်ကောင်စီအတွက် စတေးနေကြရတယ်လို့AAက ထုတ်ပြန်ထားပါတယ်။
နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်း စစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို မူးယစ်ဆေးကျွေးပြီးစစ်တိုက်ခိုင်းတာတွေ၊ စစ်ကြောင်းရှေ့ဆုံးကနေ တိုက်ခိုင်းပြီး မိုင်းကွင်းကိုဖြတ်ခိုင်းတာတွေ၊ ကြောက်လန့်ပြီး ပြန်ဆုတ်လာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်တာတွေရှိခဲ့တယ်လို့ AAထံ အလင်းဝင်ခဲ့တဲ့ စစ်
မှုထမ်းသင်တန်းဆင်းတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ရှိပါတယ်။ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဆက်စပ်နေရာမှာရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကောင်စီရဲ့အမာခံစခန်းကြီးဖြစ်ပါတယ်။အခိုင်အမာကာကင်းစခန်ကြီး
၁၀ခုထက်မနည်းရှိပါတယ်။ နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့ပြီး ၁နှစ်ကျော်အတွင်းမှာ ကာကင်းစခန်းတွေအားလုံးကို သိမ်းယူခဲ့တာဖြစ်ပါတယ်။
လတ်တလော စစ်ရေးသတင်းတွေကို AAက မထုတ်ပြန်သေးပါဘူး။ လက်ရှိမှာ AAနဲ့ မဟာမိတ်တွေက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ(၁၆)နဲ့ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)ကိုလည်းထိုးစစ်ဆင်တိုက်
ခိုက်နေပါတယ်။အဲဒီတိုက်ပွဲတွေမှာလည်း စစ်တပ်
က စစ်မှုထမ်းသင်တန်းဆင်းတွေကိုအများဆုံးအ
သုံးပြုနေသလို လေကြောင်းကနေလည်း ဗုံးကြဲခုခံနေပါတယ်။ လတ်တလောတိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းတိုင်းနယ်စပ်ဒေသမှာလည်း စစ်
မှုထမ်းသင်တန်းဆင်းတွေအများအပြားသေဆုံးနေတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
(နတ်ရေကန် ဗျူဟာကို Google Earth မြေပုံမှာတွေ့ရစဥ်)