▢ အာရက္ခတပ်တော်၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုလုံး ပြုတ်သွား
စစ်ရေးသတင်းရင်းမြစ်များရဲ့ အဆိုအရ အင်အား ၁၀၀ ကျော်ပါတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို AA က ဒရုန်းနဲ့ အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်တပ်သား ရာနဲ့ချီ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကာ အလောင်းနဲ့ ဒဏ်ရာရသူများကို ကား ၃ စီးနဲ့ သယ်ဆောင်သွားခဲ့ရကြောင်း သိရပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေကို ဇင်ပြွန်းရှိ လက်နက်ကြီးစခန်းသို့ ဦးစွာပို့ဆောင်ပြီး ယင်းမှတစ်ဆင့် ပဒါန်းမြို့နယ်၊ မစခ(၉၀၅) ဆုံကုန်းအမြောက်တပ်သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။