ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း စစ်တပ်က ထုတ်ပြရန် ငြင်းဆန်နေမှုမှာ ကျန်းမာရေးဆိုးရွားနေမှု (သို့မဟုတ်) သက်ရှိထင်ရှား မရှိတော့မှုကြောင့် ဖြစ်နိုင်ဟု စီးပွားရေးအကြံပေး ရှောင်တာနယ်ပြော

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း စစ်တပ်က ထုတ်ပြရန် ငြင်းဆန်နေမှုမှာ ကျန်းမာရေးဆိုးရွားနေမှု (သို့မဟုတ်) သက်ရှိထင်ရှား မရှိတော့မှုကြောင့် ဖြစ်နိုင်ဟု စီးပွားရေးအကြံပေး ရှောင်တာနယ်ပြော
ရန်ကုန်၊ မေ ၂၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း စစ်တပ်က ထုတ်ပြရန် ငြင်း ဆန်နေမှုမှာ ကျန်းမာရေးဆိုးရွားနေမှု (သို့မဟုတ်) သက်ရှိထင်ရှားမရှိတော့မှုကြောင့် ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်း ရှောင်တာနယ် (Sean Turnell) က ထုတ်ဖော်ပြောဆိုလိုက်သည်။
မေလ ၂၂ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် သြစတြေးလျအခြေစိုက် လိုဝီအင်စတီကျု၏ “Lowy Institute Conversations” ပေါ့ဒ်ကတ်စ်အစီအစဉ်တွင် “လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ – စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ် ရှောင်တာနယ်က ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဟူသော ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရှောင်တာနယ်က လုံးဝယုံကြည်စိတ်ချရမှုမရှိကြောင်းနှင့် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပတ်ကထက်စာရင် အခုအချိန်မှာ ပိုပြီးတော့တောင် မရေမရာ သိထားရတယ်လို့ ပြောရမှာပါ။ ဆိုလိုတာက လွန်ခဲ့တဲ့ နှစ်ပတ်လောက်က စစ်ကောင်စီဘက်က ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်ပြီဆိုတဲ့ စကားကို ဇွတ်အတည်ယူလိုက်မိတာ မှားသွားပုံရပါတယ်။ အကောင်းဆုံး တွေးကြည့်လို့ရတာကတော့ သူမကို တစ်နေရာရာကို ပြောင်းရွှေ့လိုက်တာ သေချာပေမဲ့ အဲ့ဒီနေရာက အိမ်အစစ် သို့မဟုတ် ကျွန်တော်တို့ ပုံမှန်သတ်မှတ်တဲ့ နေအိမ်မျိုး ဖြစ်လိမ့်မယ်ဆိုတာကိုတော့ အလွန် သံသယဖြစ်မိပါတယ်။ နေပြည်တော်တစ်ဝိုက်က စစ်အခြေစိုက်စခန်းတွေထဲက တခြားတည်နေရာတစ်ခုခုဆီ ပြောင်းလိုက်တာပဲ ဖြစ်ဖို့များပြီး ဒါက ကျွန်တော်တို့ ခန့်မှန်းလို့ရတဲ့ အမြင့်ဆုံးအဆင့်ပါပဲ။”ဟု သူက ပြောဆိုသည်။
စစ်တပ်အနေဖြင့် ၎င်းတို့၏ ဆိုးဝါးနေသော နိုင်ငံတကာသံတမန်ရေးရာ အကျပ်အတည်းများကို ပြုပြင်ရန်နှင့် ရွေးကောက်ပွဲအကြောင်းပြကာ ပုံမှန်အစိုးရသဖွယ် ပုံဖော်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို အသုံးချနေသော်လည်း၊ အသက်ထင်ရှားရှိကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာမျှ ထုတ်မပြနိုင်ခြင်းမှာ အလွန်အန္တရာယ်များသည့် အခြေအနေကို ညွှန်ပြနေကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။
“ဒါက တကယ့်ကို စိုးရိမ်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက ဒါကိုလုပ်ပြီး တစ်ဖက်ကလည်း ရွေးကောက်ပွဲအကြောင်းပြကာ သူတို့ကိုယ်သူတို့ ပုံမှန်အစိုးရတစ်ရပ်လို ပုံဖော်ဖို့နဲ့ သူတို့ရဲ့ ဆိုးဝါးနေတဲ့ နိုင်ငံတကာ သံတမန်ရေးရာ အဆင့်အတန်းကို ပြုပြင်ဖို့ အသုံးချပြီး အလျှော့အတင်း ကမ်းလှမ်းချက်တစ်ချို့ ရယူဖို့ ကြိုးစားနေတာ ဖြစ်လို့ပါ။ ဒါပေမဲ့ သူမ အသက်ထင်ရှား ရှိနေသေးကြောင်း သက်သေပြနိုင်မယ့် မည်သည့်အထောက်အထားမျှ – ဓာတ်ပုံများ၊ ကျန်းမာရေးစစ်တမ်း သို့မဟုတ် လက်ရှိအခြေအနေ အပ်ဒိတ်တွေကို လုံးဝ ထုတ်မပြတာက တကယ် စိုးရိမ်စရာပါ။”ဟု သူက ဆက်လက်ရှင်းပြသည်။
ရှောင်တာနယ်က စစ်ကောင်စီဘက်က ယခုကဲ့သို့ အမှန်တရားကို ဖုံးကွယ်ထားခြင်း၏ နောက်ကွယ်တွင် ဖြစ်နိုင်ခြေ အဆိုးဆုံးအခြေအနေ ၂ ခုကြောင့် ဖြစ်နိုင်ကြာင်း သတိပေးပြောကြားသွားခဲ့သည်။
“သူတို့ မျှော်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေအရ ဆိုရင်တော့ ဒါတွေကို ထုတ်ပြဖို့ သူတို့မှာ အကြောင်းပြချက် အပြည့်ရှိပါတယ်။ ဒါကိုမှ မလုပ်ဘူးဆိုရင် အချက်နှစ်ချက်ပဲ ရှိနိုင်ပါတယ်။ တစ်ချက်က သူမရဲ့ ကျန်းမာရေး အခြေအနေက အလွန်ဆိုးဝါးနေလို့ ပုံထွက်သွားရင် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နိုင်သလို၊ နောက်ဆုံး အဆိုးဆုံး အတွေးကတော့ သူမ အသက်ရှိသေးရဲ့လား ဆိုတာပါပဲ။ ကျွန်တော်တို့အနေနဲ့ စစ်တပ်ဘက်က ထုတ်ပြန်ချက်ကို စောင့်နေရဆဲ ဖြစ်ပေမဲ့ အဓိကကတော့ အသက်ထင်ရှားရှိကြောင်း သက်သေကိုပဲ စောင့်နေကြတာ ဖြစ်ပါတယ်။”ဟု ရှောင်တာနယ်က ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခြင်းဖြစ်သည်။ S