မေလထဲမှာ မုန်တိုင်းအန္တရာယ်ရှိ – မြန်မာတစ်နိုင်ငံလုံး ကြိုတင်သတိပြုကြပါ

လာမည့် မေလ ဒုတိယပတ်နှင့် တတိယပတ် အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါက်တာစိုင်းခွန်အာကာ က အထူးသတိပေး ပြောကြားထားပါတယ်။
ဒီမုန်တိုင်းဟာ မုတ်သုံလေအဝင်နဲ့အတူ ပိုမိုအားကောင်းလာမှာဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း) ဘက်ကို ဦးတည်ချဉ်းကပ်လာနိုင်ပါတယ်။
⚠️ အဓိကသတိထားရမည့်အချက်များ –
ထိခိုက်နိုင်ခြေရှိသည့်ဒေသ: ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ကမ်းခြေဒေသများနှင့် ချင်းပြည်နယ်တောင်ပေါ်ဒေသများတွင် အရှိန်အဟုန်ပြင်းစွာ ခံစားရနိုင်ပါတယ်။
မိုးလေဝသအခြေအနေ: တစ်နာရီ မိုင် ၆၀ ကျော်အထိ လေပြင်းတိုက်ခတ်နိုင်ပြီး မြန်မာတစ်ပြည်လုံးအတိုင်းအတာနဲ့ လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
အခြားဒေသများ: ရန်ကုန်၊ မွန်၊ တနင်္သာရီ ဒေသများသည် မုန်တိုင်းလမ်းကြောင်းနှင့် ဝေးသော်လည်း ကမ်းခြေဒေသများဖြစ်၍ လေပြင်းနှင့် မိုးဒဏ်ကို ရှောင်လွှဲ၍ရမည်မဟုတ်ပါ။
ဒေါက်တာစိုင်းခွန်အာကာအနေဖြင့် ဇန်နဝါရီလကတည်းက ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မုန်တိုင်းသန္ဓေတည်ရန် နီးကပ်လာပြီဖြစ်၍ အခုကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#CycloneAlert #MyanmarWeather #CycloneWarning #May2026 #WeatherForecast #DrSaiKhunArkar #SafetyFirst #မိုးလေဝသ #မုန်တိုင်းသတိပေးချက်