ဒေါ်အောင်ဆန်းစုကြည်အတွက် ‘Proof of Life’ လှုပ်ရှားမှု ပြည်သူများစတင်

ဒေါ်အောင်ဆန်းစုကြည်အတွက် ‘Proof of Life’ လှုပ်ရှားမှု ပြည်သူများစတင်
ဧပြီလ ၊၂၁ ရက်
The Justice Wave

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် သားဖြစ်သူ ကင်မ်အဲရစ် (ကိုထိန်လင်း) နှင့်အတူ ပြည်သူများ ပူးပေါင်းပါဝင်နိုင်မည့် “Proof of Life” (သက်ရှိထင်ရှားရှိကြောင်း သက်သေပြချက်) လှုပ်ရှားမှုကို ယနေ့တွင် စတင်လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါ လှုပ်ရှားမှုတွင် အဓိက အစီအစဉ်နှစ်ရပ် ပါဝင်ပြီး ပထမအစီအစဉ်အဖြစ် ပြည်သူများအနေဖြင့် မိမိတို့၏ လူမှုကွန်ရက် (Social Media) စာမျက်နှာများပေါ်မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ ရှိနေကြောင်း သက်သေပြပေးရန် မိမိတို့၏ ရိုးသားသော ခံစားချက်များကို ရေးသားကာ အသံထွက်တောင်းဆိုကြရန် ဖော်ပြထားသည်။
“Proof of Life” ကို ပြည်သူများအားလုံးပါဝင်ကြရန် သရုပ်ဆောင် ခါရာကလဲ တိုက်တွန်းထားသည်။
#ဒေါ်အောင်ဆန်းစုကြည်