ဒေါ်‌အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှု‌ဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ ဘီဘီစီကသိရှိရပါတယ်။

” ကျွန်တော်တို့ ဥက္ကဋ္ဌကို နေအိမ်အကျယ်ချုပ်ချမယ်ဆိုတဲ့သတင်းတွေကြားတော့ ကျွန်တော်တို့က တွေ့ခွင့်ရမလားလို့ ကြိုးစားကြည့်မှာပေါ့လေ။ ရှေ့နေတွေလည်း ရောက်နေကြပါပြီ” လို့ NLD ရဲ့ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ဖမ်းဆီးထိန်းသိမ်း ခံထားရတာ ရက်ပေါင်း ၁၉၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့ သွား‌ရောက် တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါသေးတယ်။

BBC Burmese