ထိုင်း ကရာဘီတွင် အမေရိကန်စစ်ဘက်သုံးလေယာဉ်များ ခပ်စိပ်စိပ် အဆင်းအတက်လုပ်နေ
မဲခေါင်၊ ဧပြီ ၇


ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကရာဘီမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမေရိကန်စစ်ဘက်သုံးလေယာဉ်များ ပုံမှန်ထက်ပိုပြီး ခပ်စိပ်စိပ် အတက်အဆင်းလုပ်နေသည့်အတွက် ဒေသခံများကြား သတိပြုမိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ထိုင်းနှင့် အမေရိကန်တို့မှာ မဟာမိတ်များဖြစ်သည့်အတွက် အမေရိကန်စစ်တပ်သုံးလေယာဉ်များ လာရောက်သည်မှာ မထူးဆန်းသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပုံမှန်ထက်ပိုပြီး များပြားလာကြောင်း ဒေသခံများက ပြောသည်။
ထိုင်းစစ်ဘက်တာဝန်ရှိသူများကမူ ယင်းကိစ္စအပေါ် တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
လက်ရှိ အီရန်စစ်ပွဲနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံက ထောက်ခံခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း ယခုကဲ့သို့ အမေရိကန်စစ်ဘက်လေယာဉ်များ ခပ်စိပ်စိပ်အဝင်အထွက်ပြုနေသည့် အကြောင်းရင်းကို ထိုင်းနိုင်ငံသားများက သိလိုနေကြသည်။
ကမ္ဘာလုံးဆိုင်ရာ တင်းမာမှု မြင့်တက်လာချိန်တွင် ယခုကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက အမြန်ဆုံးရှင်းလင်းချက်ပေးရန် ထိုင်းနိုင်ငံသားများက တောင်းဆိုနေကြသည်။
ကရာဘီမြို့မှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြို့ကြီးတစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ ကော့သောင်းမြို့အောက်ဘက် (တောင်ဘက်)နှင့် မလေးရှားနယ်စပ်အထက် (မြောက်ဘက်) ကြားတွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။
Ref: Thai Enquirer
#MeKongNews
#ထိုင်းနိုင်ငံ
#အမေရိကန်
#စစ်လေယာဉ်
#အီရန်စစ်ပွဲ