🚨 လာမယ့်ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင် 🚨

🚨 လာမယ့်ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင် 🚨
လာမယ့် ဧပြီလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားပါတယ်။
လတ်တလောအချိန်တွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များမှာ ပုံမှန်ထက် ပိုမိုမြင့်တက်နေသည့်အတွက် လေစီးကြောင်း အနည်းငယ် ပြောင်းလဲသွားသည်နှင့် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ခြေရှိနေခြင်း ဖြစ်သည်။ ယခင်နှစ်များ၏ အချက်အလက်များအရ ဧပြီနှင့် မေလများတွင် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းများ ပုံမှန်ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
မိုးရွာသွန်းနိုင်မည့် အခြေအနေများ
လေပွေလှိုင်းများနှင့် မုတ်သုန်အကြို တိမ်တိုက်များကြောင့် ဧပြီလအတွင်း အောက်ပါဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ခြေရှိနေပါသည်။
၉ ရက်မှ ၁၂ ရက်ခန့်အထိ မိုးရွာနိုင်သော ဒေသများ – စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း။
၅ ရက်မှ ၈ ရက်ခန့်အထိ မိုးရွာနိုင်သော ဒေသများ – နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး(အရှေ့)၊ စစ်ကိုင်း(အောက်)၊ ဧရာဝတီ၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း။
၁ ရက်မှ ၄ ရက်ခန့်အထိ မိုးရွာနိုင်သော ဒေသများ – ပဲခူး(အနောက်)၊ မကွေး၊ ကယား၊ ရခိုင်။
မြစ်ရေမြင့်တက်နိုင်မှု အခြေအနေ
ဧပြီလသည် မိုးကြိုကာလဖြစ်သောကြောင့် မိုးရွာသွန်းချိန်တွင် မြစ်ချောင်းများအတွင်း ရေမှတ် ရုတ်တရက် မြင့်တက်လာနိုင်ပါသည်။ ရေကြီးရေလျှံသည့် အဆင့်သို့ မရောက်နိုင်သေးသော်လည်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် အပါအဝင် မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် (၃) ပေမှ (၇) ပေအထိ မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းနီးစပ် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် အသိပေးအပ်ပါသည်။
ရာသီဥတုအပြောင်းအလဲနှင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ဤသတင်းကို မျှဝေပေးပါ။
#မိုးလေဝသ #မုန်တိုင်းသတိပေးချက် #ဧပြီလရာသီဥတု #WeatherUpdate #MyanmarWeather #DMHMyanmar #လေဖိအားနည်းရပ်ဝန်း #သတင်း #ရာသီဥတု #MyanmarNews