ဖလမ်းကိုစစ်ကူလာတဲ့ စစ်​ကြောင်းမှူး ဗိုလ်မှူးကြီးဝင်း​​မောင်​မောင်မိုင်းထိ​သေဆုံး

ဖလမ်းကိုစစ်ကူလာတဲ့ စစ်​ကြောင်းမှူး ဗိုလ်မှူးကြီးဝင်း​​မောင်​မောင်မိုင်းထိ​သေဆုံး
မတ်-၃၀၊၂၀၂၆။ထားမြတ်၊မိုမို/Peoples Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူလာတဲ့ စစ် ကြောင်းမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် မိုင်းထိ သေဆုံးခဲ့တယ်လို့ချင်းဒေသကာကွယ်ရေးတပ် (CDF) CDM စီးယင်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ကလေး နဲ့ တီးတိန်မြို့နယ် လမ်းဆုံ သိုင်းငင်းရွာကနေ ဖလမ်းမြို့ဘက်ကို ဗိုလ်မှုးကြီးဝင်းမောင်မောင် ဦးစီးတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်ကြောင်းကို​မတ် လ ၁၉ ရက်နေ့မှာ ​​တော်လှန်​ရေးတပ်​တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ဘက်က သူတို့ စက်ပေါက်တဲ့လိုင်းတွေကို ကြားဖြတ်နားထောင်တဲ့အချိန်မှာ အဲဒီနားမှာ သူတို့ရဲ့ စစ်ကြောင်းမှူးဗိုလ်မှူးကြီးတစ်ယောက်ကျသွားတယ်။ထီးလင်းကဆိုလား ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဆိုလား။ဘယ်တပ်ကလည်းဆိုတာတော့ ကျွန်တော်အတိအကျ မသိရသေးဘူး”လို့ အထက် ပါ တာဝန်ရှိသူက စစ်တပ်စစ်ကြောင်းမှူးသေဆုံးတာ ကို​ပြောပါတယ်။
ဘေကန်ရွာနဲ့ ဇောင်ကောင်ကြားစစ်ကြောင်းထိုး
လာစဥ် စစ်တပ်စစ်ကြောင်း မိုင်းကွင်းသုံးခုထဲ ရောက်ရှိချိန် တိုက်ခိုက်နိုင်ခဲ့တာလို့လည်း သူက ဆက်​ပြောပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေကို မတ်လ ၄ ရက်ကစပြီး မတ်လ နောက်ဆုံးပတ်အထိ မိုင်းကွင်း ၁၆ ခု နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်းသိရ ပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့
ဖလမ်းမြို့ကို ရဖို့ စစ်တပ်က စစ်ကြောင်းလေးခု သုံးပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဒါ​ပေမယ့်ချင်း​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​
ကြောင့် စစ်တပ်က​သေဆုံး ၊ဒဏ်ရာရသူများ​ပြီး စစ်​ကြောင်း​တွေ​ရှေ့မ​ရောက်ဖြစ်​နေတာပါ။
ဖလမ်းမြို့အပါအဝင် ချင်းမြောက်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံး
အရင်းနဲ့ စစ်တပ်ထိုးစစ်ဆင်နေတာ နှစ်ဝက်နီးပါး ကြာပြီဖြစ်ပါတယ်။
ချင်းပြည်နယ် မြို့နယ် ၉ ခုအနက် ၆မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ချင်းတောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ချင်းမြောက်ပိုင်းကတွန်းဇံ၊ဖလမ်း မြို့
နယ်တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်း
ပိုက်ထားတာဖြစ်ပြီး ပလက်၀မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့နယ်တွေမှာဆိုရင်လည်း စစ်ကောင်စီဟာ မြို့ပေါ် လောက်သာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းမှာ တော် လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်လှုပ်ရှားနေတာဖြစ်ပါတယ်။
(စစ်တပ်စစ်​ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက် မိုင်းထိသူ​တွေကိုသယ်​​ပြေး​နေစဥ်။
ဓါတ်ပုံ-CDF-စီယင်)