အုတ်တွင်းမှာ အမျိုးသမီးတစ်ဦးကို ကားနဲ့တိုက်ပြီး ထွက်ပြေးတဲ့ အရက်မူးရဟန်း(တု)အား ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာ မတ်လ ၂၈ ရက် ညပိုင်းက အမျိုးသမီးတစ်ဦးကို ကားနဲ့တိုက်မိပြီး ထွက်ပြေးသွားတဲ့ အရက်မူးနေသူ ရဟန်းတစ်ပါးကို ဖမ်းဆီးရမိခဲ့ရာ စစ်ဆေးချက်အရ သာသနာ့အလံတုကို ခုတုံးလုပ်ထားတဲ့ “ရဟန်းတု” ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။
⚠️ ဖြစ်စဉ်အကျဉ်း –
ည ၁၀ နာရီဝန်းကျင်က အုတ်တွင်းမြို့၊ ကျောက်တလင်းကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အသက် (၂၅) နှစ်အရွယ် စက်ဘီးစီးအမျိုးသမီးကို ကားနဲ့တိုက်ပြီး ရွာထဲကို မောင်းနှင်ထွက်ပြေးသွားခဲ့တာပါ။ ကားဟာ လမ်းမရှိတဲ့ လယ်ကွက်ထဲ ထိုးရပ်သွားချိန်မှာတော့ ယာဉ်မောင်းဖြစ်သူဟာ ဖိနပ်တောင်မပါဘဲ ခြေလျင်ထပ်မံထွက်ပြေးခဲ့ပါတယ်။
ဖမ်းဆီးရမိမှု –
ည ၁၂ နာရီအချိန်မှာ အုတ်တွင်းမြို့မြောက်ဘက် သုသာန်အနီးမှာ အရက်မူးပြီး ဖိနပ်မပါဘဲ လျှောက်သွားနေတဲ့ ရဟန်းတစ်ပါးကို သတင်းရရှိတာကြောင့် မြို့နယ်သာသနာ့ထိန်းသိမ်းရေးအဖွဲ့က အချိန်မီသွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးချက်အရ ထွက်ပေါ်လာတဲ့ အချက်အလက်များ –
ဖမ်းဆီးရမိသူဟာ အရက်မူးလွန်နေပြီး ထွက်ဆိုချက်တွေ ကစဉ့်ကလျားဖြစ်နေကာ ၎င်း၏ သာသနာ့မှတ်ပုံတင်မှာလည်း Correction ဖျက်ရာများဖြင့် အတုပြုလုပ်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ ထို့အပြင် ၎င်းထံမှ –
သက်တမ်းလွန် Passport စာအုပ်
ထောက်ခံစာအတုများ
ညစ်ညမ်းပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ အဆိုပါရဟန်းတုကို သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများရှေ့မှောက်မှာ လူဝတ်လဲစေပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံထားပြီဖြစ်ကြောင်း သိရှိရပါတယ်။
#အုတ်တွင်း #မှုခင်းသတင်း #ရဟန်းတု #ယာဉ်တိုက်မှု #ပဲခူးတိုင်း #သတင်းစုံ #BreakingNewsMyanmar