BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း၍ မဟာမိတ်တပ်များနှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေဟု ပြောဆို
ရန်ကုန်၊ မတ် ၂၅
ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် – BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း၍ မဟာမိတ်တပ်များနှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြောင်း BPLA တပ်ဖွဲ့ခေါင်းဆောင် ကိုဆောင်းခက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့မတ်လ ၂၅ ရက်နေ့တွင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် – BPLA တပ်ဖွဲ့ခေါင်း ဆောင် မောင်ဆောင်းခက အမှတ် ၂၀၃ ၊ ပဲခူးအနောက်ခြမ်းစစ်ဒေသ၊ မြေလတ်စစ်ဒေသအဖြစ်တိုးချဲ့ ပြင် ဆင်ဖွဲ့စည်းလိုက်ကြောင်း၊ လက်ရှိအချိန်တွင် အမှတ် ၁၀၇ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂၀၃ မြေ လတ် စစ်ဒေသ၊ အမှတ် ၃၀၈ အညာစစ်ဒေသ ဟူ၍ သတ်မှတ်တည်ဆောက်ထားထားကာ ယင်းစစ် ဒေသ ၃ ခုလုံး တွင်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိကြောင်း အသိ ပေးထားသည်။
“BPLA ရဲ့ အမှတ် ၂၀၃ ၊ ပဲခူးအနောက်ခြမ်းစစ်ဒေသကို မြေလတ်စစ်ဒေသအဖြစ်တိုးချဲ့ပြင်ဆင်လိုက် ပါတယ်။ လက်ရှိအချိန်မှာတော့ အမှတ် ၁၀၇ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂၀၃ မြေလတ် စစ်ဒေသ၊ အမှတ် ၃၀၈ အညာစစ်ဒေသ ဆိုပြီး သတ်မှတ်တည်ဆောက်ထားပါတယ်။ ဒီစစ်ဒေသ ၃ ခု စလုံးမှာ မဟာမိတ်တွေနဲ့အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိပါတယ်။ ဘယ်သူတွေဘာပြောပြော အ ကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်၊ အောင်မြင်အောင် စွမ်းဆောင်ပြမယ်။ ကျေလည်သော ညီညွတ် ရေးကို တည်ဆောက်မယ်။ ရသလောက်စုမယ်၊ နိုင်အောင်တိုက်မယ်။”ဟု BPLA တပ်ဖွဲ့ခေါင်းဆောင် မောင်ဆောင်းခ က ၎င်း၏ လူမှုကွန်ယက်မှတဆင့် ပြောဆိုထားသည်။
ထို့ပြင် ပြီးခဲ့သည့် မတ် ၉ ရက်နေ့ကလည်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ အညာစစ်ဒေသမှ ရဲ ဘော်များအတွက် ဂုဏ်ပြုပွဲအခမ်းအနား တစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယင်းအခမ်းအနားတွင် ပဲခူးအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းနယ်မြေစစ်ဆင်ရေးနှင့် ကပစ ၁၆ အနီး တိုက်ပွဲ များအတွင်း အာရက္ခတပ်တော် (AA) နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် BPLA ၊ အညာစစ်ဒေသ၊ အမှတ် ၃၀၈ ဗျူဟာမှ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေးနှင့် အမိန့်နာခံမှု ကောင်းမွန်သည့်ရဲဘော်များအား ထူးချွန် ဆု ပေးအပ်ခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် ရဲဘော်များအား သူရဲကောင်းဆုပေးအပ်ခြင်း၊ ကျ ဆုံးသွားခဲ့ရသည့်ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ကာ ၎င်းတို့၏ သက်ဆိုင်ရာမိသားစုဝင်များထံသို့ ဂုဏ်ပြုမှတ်တမ်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းတို့ကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အာရက္ခတပ်တော်(AA)နှင့်အတူ ပြုလုပ်နေသည့် ကပစ ၁၆ အနီး စစ်ဆင်ရေး များတွင် BPLA ၊ မြေလတ်စစ်ဒေသ၊ အမှတ် ၂၀၃ ဗျူဟာမှ ဆက်လက်ပါဝင်တိုက်ခိုက်လျက်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပွိုင့် ၆၆၆ စခန်းကုန်းကို ထပ်မံသိမ်းပိုက်ရာတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။