စစ်အုပ်စု ပြည်နယ်လွှတ်တော်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက် (ရုပ်/သံ)
မတ် ၂၁၊ ၂၀၂၆
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးများကျင်းပရာနေရာဖြစ်တဲ့ ပြည်နယ်လွှတ်တော်ဝန်းအတွင်းကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို CDF ဟားခါးက မတ်လ ၂၁ ရက်၊ ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အတုအယောင်ရွေးကောက်ပွဲမှတဆင့် ထွက်ပေါ်လာတဲ့ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို မတ်လ ၂၀ ရက် မနေ့က ပြည်နယ််မြို့တော် ဟားခါးမြို့ရှိ ပြည်နယ်လွှတ်တော်အတွင်း ကျင်းပနေချိန်မှာ အခုလိုတိုက်ခိုက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထုတ်ပြန်လိုက်တဲ့ ရုပ်သံဖိုင်အတွင်း အသေခံဒရုန်းကို ရှောင်ဖို့အတွက် အကြမ်းဖက်စစ်သားများ ဝရုန်းသုန်းကား ထွက်ပြေးနေကြသလို၊ စစ်အုပ်စုဝင်တွေ ထိခိုက်မှုကိုလည်း မြင်တွေ့ရပြီး၊ လွှတ်တော်ဝန်းအတွင်းရှိ ယာဉ်တွေ၊ ဂျန်ဘာတွေကို တိုက်ခိုက်ခံခဲ့ရတာတွေကိုလည်း မြင်တွေ့ရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဖက်မှ ထိခိုက်သေဆုံးမှုအသေးစိတ်ကို စုံစမ်းဆဲဖြစ်ပါတယ်။
Video-CDF-Hakha Support Team of North America