ဖခင်ကစစ်တပ်ဆီ​ရောင်းစားခဲ့တဲ့လူငယ်စစ်တပ်ကနှိပ်စက်လို့​သေဆုံး၊သတင်းကြားပြီမိခင်ပါကွယ်လွန်

ဖခင်ကစစ်တပ်ဆီ​ရောင်းစားခဲ့တဲ့လူငယ်စစ်တပ်ကနှိပ်စက်လို့​သေဆုံး၊သတင်းကြားပြီမိခင်ပါကွယ်လွန်
မတ်-၁၇၊၂၀၂၆။တာရာ/People’s Spring
ရန်ကုန်မြို့မှာ ဖခင်ဖြစ်သူကစစ်တပ်ဆီရောင်းစားခံရတဲ့လူငယ်တစ်ယောက်ရဲ့ ရုပ်အ​လောင်းထုတ်
ယူဖို့ အိမ်ကမိခင် ဆီအကြောင်းကြားလာပြီး‌
နောက် မိခင်ဖြစ်သူပါ သားစိတ်နဲ့ ​သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
​​နောက်အိမ်​ထောင်ပြုထားတဲ့ ဖခင်ဖြစ်သူဟာရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် တညင်းကုန်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်ကိုသွားပြီး သားဖြစ်သူကိုကျပ်သိန်း ၅၀ နဲ့ မတ်လဆန်းမှာရောင်းစားခဲ့တာဖြစ်ပါတယ်။သားဖြစ်သူက မိခင်ကိုအဓိကလုပ်​ကြွေး​နေသူဖြစ်ပြီး အပြင်မှာထားရင် ပျက်စီးမယ်လို့အ​ကြောင်းပြပြီး စစ်တပ်ဆီ​ရောင်းစားခဲ့တာလို့စုံစမ်းသိရပါတယ်။
အဆိုပါ လူငယ်ဟာ စစ်တပ်ကနေ ထွက်ပြေးခဲ့တာကြောင့် စစ်သားတွေကပြန်လည်ဖမ်းဆီးခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့ရာမှာသေဆုံးခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူ မကွယ်လွန်မီ ​ဒေသခံ​တွေကိုပြောပြခဲ့တာဖြစ်ပါတယ်။
“သူ့ကို သူ့ဖအေ ရောင်းစားပြီး သိပ်မကြာဘူး။ ရုပ်အလောင်းလာထုတ်ဖို့အိမ်ကို လာပြောတယ်။ ကျွန်မကမေးတာပေါ့။ သားလေးက ဘာကြောင့် သေရတာလဲပေါ့။ကျွန်မကို မချေမငံရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောသွားတယ်။ထွက်ပြေးလို့ ပညာပေး
လိုက်တာဆိုပြီးပြောတယ်။ ကျွန်မရင်ကျိုးရချည်ရဲ့လို့​ပြောတယ်”လို့ ​ဒေသခံတဦးက​ပြောပါတယ်။
သားဖြစ်သူသတင်းကြားပြီး နာရီပိုင်းအကြာမှာပဲ မိခင်ဖြစ်သူပါ ထပ်မံကွယ်လွန်သွားတယ်လို့ ​ဒေသခံတွေကပြောပါတယ်။
“မနက်ကစစ်သားတွေ သူတို့အိမ်ကိုလာတာတွေ့လိုက်တယ်။ သူ့သားလေးအလောင်းလာထုတ်ဖို့ လာပြောသွားတာတဲ့။ ကိုယ်တွေလည်းနှစ်သိမ့်ပေးရုံပဲ မတတ်နိုင်ဘူး။ ညနေလောက်ကျတော့ နှလုံးကအမောဖောက်ပြီးဆုံးသွားတယ်။သူကနှလုံး
ရောဂါအခံရှိတယ်။ သူ့သားပါသွားကတည်းက
သူလည်းသိပ်နေမကောင်းဘူး” လို့ ​ဒေသခံတဦးကပြောပါတယ်။
သားဖြစ်သူဟာကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ်အရွယ် ကိုရဲမင်းပိုင်ဖြစ်ပြီးမိခင်ဖြစ်သူက အသက် ၅၆ နှစ်အရွယ် ​ဒေါ်ကြည်ကြည်ဝင်းဖြစ်ပါတယ်။
အဆိုပါ သားအမိနှစ်ယောက်ရဲ့ နာရေးကို စစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ချက်ခြင်းသဂြိုလ်ခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။
စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့မကြာခဏ မဲဆွယ်စည်းရုံးနေတယ်လိုပြည်သူ​တွေက​ပြောပါတယ်။
စစ်တပ်ထဲဝင်ရင် လစဉ်ထောက်ပံ့ကြေးအပြင် လစာနဲ့ရိက္ခာတွေကိုပါ မိသားစုဝင်တွေကိုပေးမယ်လို့ ပြောဆိုစည်းရုံး ​လေ့ရှိပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီး စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ဧပြီလကစတင်ပြီး စစ်မှုထမ်းခေါ်ယူခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းအပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကြိမ်လျှင် လူဦးရေ ငါးထောင်နှုန်းနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ် တစ်သိန်းကျော် ရရှိသွားပြီဖြစ်ပါတယ်။
စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှား
သူများပြားလာတာကြောင့် ​​ငွေလိုသူ​တွေကို​ငွေ​ပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်
ယူပြီး​တော့လူစားထိုးမှု​တွေလည်းများလာပါတယ်။​အခုလို ဖခင်ရင်းက​တောင် မိမိရဲ့သားကို ပြန်လည်ရောင်းချတဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ငွေ​​ကြေးဖို့ မတက်နိုင်တဲ့ အ​ခြေခံလူတန်းစား​တွေက တော့စစ်တပ်က အဓမ္မ ဖိအား​ပေး စစ်မှုထမ်းခိုင်းတာကို​ပေးစရာ​ငွေမရှိတာ​ကြောင့် ​လိုက်​နေကြရပါတယ် ။စစ်တပ်ကလစဥ်စစ်မှုထမ်း​ခေါ်တာအပြင်လူငယ်​တွေကိုအ​ကြောင်းပြချက်မျိုးစုံ
နဲ့ ​ပေါ်တာဆွဲတာ​တွေကိုလည်းစစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာလုပ်​နေပါတယ်။
စစ်တပ်ကလူငယ်​တွေကို စစ်သင်တန်းပို့ပြီး ​ရှေ့
တန်းကို​စေလွှတ်စစ်တိုက်ခိုင်းတာ​ကြောင့်​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိ​နေပါတယ်။နိုင်ငံ့ရဲ့​ဒေသအများစုမှာတိုက်
ပွဲ​တွေ ပြင်းထန်​နေတာ​ကြောင့် စစ်တပ်ကစစ်သားသစ်​တွေကိုဆက်တိုက်​ခေါ်ယူ​နေတာဖြစ်ပါတယ် ။
(မန္တ​လေးမြို့မှာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ကလူငယ်​တွေစစ်မှုထမ်းရန် မဲနှိုက်ဖို့ ရပ်ကွက်အတွင်းလိုက်လံ​ကြေညာစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)