နတ်ရေကန်ဗျူဟာကာကင်း​တွေအားလုံး ကျသွားပြီး​​နောက် စစ်တပ်က အမတ(၉၀၅)ကို ခံစစ်ပြင်

နတ်ရေကန်ဗျူဟာကာကင်း​တွေအားလုံး ကျသွားပြီး​​နောက် စစ်တပ်က အမတ(၉၀၅)ကို ခံစစ်ပြင်
မတ်-၁၀၊၂၀၂၆။အိမ်သွင်/People’s Spring
နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်က ကာကင်းခန်း
တွေအားလုံး ကျသွားပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်က ပဒါန်းမြို့နယ်မှာရှိတဲ့ အမှတ်(၉၀၅)
အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကို လက်နက်ခဲယမ်းနဲ့ စစ်ကူတွေ ပို့ပြီး ခုခံဖို့ကြိုးစားနေပါတယ်။
နတ်ရေကန်ဗျူဟာက ရခိုင်ပြည်နယ် နဲ့ မကွေး
တိုင်းဝင်ပေါက်လမ်းဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်း
အနီးမှာရှိသလိုအမတ(၉၀၅)ကလည်းအမ်း-ပဒါန်းလမ်းပိုင်းမှာ ရှိတာပါ။ ဗျူဟာရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကိုအာရ
က္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူလိုက်ပြီးတဲ့နောက်အမတ(၉၀၅)ထဲကို လက်နက်ခဲယမ်းနဲ့ အင်အားတွေ ဆက်တိုက်ပို့နေတာပါ။
မတ်လ၈ရက်နေ့မှာပဲစစ်ကား၂၉စီးအမတ(၉၀၅)
ထဲကို ရောက်ရှိလာပြီး ၃စီးကို အလုံပိတ်ထားပါတယ်။ ကျန်တဲ့ ၂၆ စီးမှာ စစ်သား​တွေဖြစ်တယ်လို့ စုံစမ်းသိရတယ်။
“အလုံးပိတ်ကား၃စီးထဲမှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေလို့ သတင်းရတယ်။ ကျန်တဲ့ကားတွေကတော့ သူတို့အင်အားတွေပါ။ ပဇီနဲ့ ဂုတ်ကြီးကို ခွဲပို့လိုက်တယ်” လို့ ဒေသခံစစ်​ရေးသတင်းရင်း
မြစ်က ပြောပါတယ်။
ပဇီရွာက နတ်ရေကန်ဗျူဟာ ရဲ့ အရှေ့မြောက်ဘက် ၂မိုင်ခန့်အကွာနဲ့ ဂုတ်ကြီးရွာက ဗျူဟာရဲ့အရှေ့‌တောင်ဘက် ၂မိုင်ခန့်အကွာမှာ ရှိတာပါ။
စစ်တပ်က အင်အား ၁၅၀၀ခန့်စီနဲ့တပ်စွဲထားပြီး ထပ်မံအင်အားဖြည့်နေတာပါ။
“ပဇီနဲ့ဂုတ်ကြီးဘက်ကနေ တက်လာဖို့ ပြင်ဆင်နေတယ်။တိုက်ပွဲကဆက်ဖြစ်နေပြီး လေကြောင်းကနေလည်းဗုံးကြဲမှုတွေပိုလုပ်လာတယ်”လို့မတ်လ ၁၀ရက် နေ့လယ်ပိုင်းအခြေအနေကို နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာ၊ဂုတ်ကြီးရွာတွေကို ‌AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားပြီး ဗျူဟာထဲကို စစ်ကောင်စီကလေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ ထပ်မံပို့ဆောင်နေပါတယ်။နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။စစ်ကောင်စီက ပဇီရွာနဲ့ ဂုတ်ကြီးရွာကဘက်ကနေ စစ်ကြောင်းထိုးဖို့ကြိုးစားနေလို့ AAနဲ့ ပူး
ပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။အဲဒီအချိန်တုန်းက ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ် တွေက တစ်ခုပြီးတစ်ခု သိမ်းယူနေပြီး အထိနာနေတဲ့ စစ်ကောင်စီက တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။
ထိုးစစ်စတင်တဲ့ ဖေဖော်ဝါရီလထဲမှာတင် တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့ပါတယ်။ စစ်ကောင်စီက တပ်မ(၉၉) လက်
အောက်ခံတပ်ရင်းတွေအစား ရှမ်းတောင်အခြေ
စိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၇ ကို ဩဂုတ်လနှောင်းပိုင်းမှာ ပို့ပြီး ခုခံပေမယ့် AAနဲ့ မဟာမိတ် တွေက စခန်းတွေထပ်သိမ်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်စစ်တပ်ကတပ်မ(၈၈)လက် အောက်ခံ တပ်ရင်း‌ တွေကိုပါနတ်ရေကန်ဗျူဟာ ခုခံဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့မှာ အမတ(၉၀၅)ကတဆင့် ပို့ခဲ့ပါတယ်။ တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီးနတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကကာကင်း
စခန်းတွေအားလုံးကို AAနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာပါ။
မတ်လ၁၀ရက်​နေ့မှာလည်း စစ်တပ်က
အမတ(၉၀၅) ထဲက‌နေ လက်နက်ကြီးတွေ ပစ်​နေသလို လေကြောင်းကနေ Y12နဲ့ရော ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲနေတယ်လို့ သတင်းရရှိပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းယူဖို့အတွက် လက်ကျန်တပ်စခန်းတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AAက ၂၀၂၅ အောက်တို
ဘာလမှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ တိုက်ပွဲတွေမှာ စစ်သားတွေက တိုက်လိုခိုက်လိုစိတ်မရှိပဲ ဆုတ်ခွာထွက်ပြေးနေတာတွေ၊ လိုအပ်တဲ့အ
ထောက်အပံ့တွေကို အထက်အရာရှိတွေက မဖြည့်ဆည်းပေးတာတွေ၊ AAတပ်ဖွဲ့ဝင်တွေက ရဲရဲဝံ့ဝံ့တိုက်ခိုက်နေတာတွေကိုဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်က AAထံ ထုတ်ဖော်ဝန်ခံခဲ့ဖူးပါတယ်။