ဘုရားတူးဖော်တွေ့ရှိရာ လယ်ကွင်းထဲမှ ရေများကုန်ခမ်းသွားသော်လည်း မြေကြီးများပါယူနေ
ဧရာဝတီတိုင်းမ်၊ မတ် ၅ ရက်
ဧရာ၀တီတိုင်း မြောင်းမြမြို့နယ်ရှိ ဘုရားတူးဖော်ရရှိသည့် လယ်ကွင်းထဲမှ ရေများအား ဒေသခံများမှ ခပ်ယူကြရာ ရေများကုန်ခမ်းသွားသော်လည်း မြေကြီးများပါယူနေကြောင်း သိရသည်။
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ် ကျွန်းထိပ်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က လယ်ကန်းသင်း ပေါက်ရာကတဆင့် ရှေးဟောင်းဘုရားရုပ်ပွားတော်တစ်ဆူ တူးဖော်ရရှိခဲ့ပြီးနောက် အဆိုပါလယ်ကန်သင်းအတွင်းမှ ရေများအား ကင်ဆာအပါအဝင် ရောဂါပျောက်သည်ဟု ဆိုကာ ခပ်ယူ သောက်သုံးနေကြခြင်းဖြစ်သည်။
တည်းဖြတ်/ထုတ်လုပ်-ဧရာဝတီတိုင်းမ်
#AyeyarwaddyTimes #