◼️‌ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ ကို AA နဲ့ PDF စီးနင်းတိုက်ခိုက်နေပြီး စကစ အများအပြားသေဆုံး

◼️‌ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ ကို AA နဲ့ PDF စီးနင်းတိုက်ခိုက်နေပြီး စကစ အများအပြားသေဆုံး
၆ မတ် ||| နွေဦးအသံ |||

ပဲခူးဒေသ၊ ပန်းတောင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကပစ ၁၆ ကို အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေက မတ် ၅ ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၆ ရဲ့ အပြင်စည်း ကာကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်လျက်ရှိရာ အများအပြား သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိထားတယ်လို့ ‌မြေပြင်သတင်းတွေအရ ရခိုင်ဒေသ သတင်းမီဒီယာအချို့မှာ ဖော်ပြထားတာပါ။
AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာနေတာကြောင့် ကပစ ၁၆ စက်ရုံအတွင်းမှ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေသလို ဂျက်ဖိုက်တာတွေနဲ့ ‌စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားပေးပြီး အသည်းအသန်ခုခံလျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကပစ ၁၆ သို့ နီးစပ်ရာ ကပစ တွေနဲ့ စစ်ကောင်စီတပ်တွေမှ မြေပြင်စစ်ကူတွေ ပေးပို့စေလွှတ်လျက်ရှိရာ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက သတိပေးတိုက်တွန်းထားပါတယ်။
ရခိုင်နဲ့ ပဲခူး အစပ်ရှိ စစ်ကောင်စီရဲ့ ပုဂံကွဲစခန်း၊ ညောင်းကျိုးစခန်းနဲ့ ပွိုင့် ၆၆၆ စခန်းတို့ကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားသလို ကပစ ၁၆ စက်ရုံအနီးရှိ စခန်းကုန်းတွေနဲ့ စက်ရုံအတွင်းသို့ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
ကိုးကား | Western News
Photo | AA (ပုံဟောင်း) ၊ Google Maps (ကပစ ၁၆)