ကျိုက်ထိုမြို့ပေါ်မှာဆောင်းဘောက်တင်လာတဲ့ကားပေါ်လိုက်ပါလာတဲ့လူငယ်တွေဓါတ်ကြိုးနဲ့ထိပြီးသေဆုံး
မတ် ၊ ၅ ရက်
The Justice Wave
မွန်ပြည်နယ်၊ကျိုက်ထိုမြို့မှာအလှူအတွက် ဆောင်းဘောက်တွေတင်ဆောင်လာတဲ့ ကားပေါ်မှာလိုက်ပါလာတဲ့ လူငယ်တွေ ဟာ ဓါတ်ကြိုးနဲ့ ထိမိပြီး ဓါတ်လိုက်ကာလူငယ်အချို့ သေဆုံးခဲ့ရတယ်လို့ ကနဦးသိရှိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာပဲ ကျိုက်ထိုမြို့တွင်း ကို ဆောင်းဘောက်တွေ တင်ပြီးမောင်းနှင်လာတဲ့ ကားပေါ်က ဆောင်းဘောက်တွေပေါ်မှာ လိုက်ပါလာတဲ့ လူငယ်တွေဟာ လမ်းတဖက်နဲ့ တဖက် သွယ်တန်းထားတဲ့ ဓါတ်ကြိုးနဲ့ တိုက်မိပြီး လူငယ်အနည်းဆုံး သုံးဦးသေဆုံးနိုင်ဖွယ်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
“အလှူလုပ်ဖို့ဆောင်းဘောက်သွားတင်ပြီးပြန်အလာမှာဖြစ်တယ်လို့ကနဦးသိရတယ်၊ဆောင်းဘောက်တွေပေါ်ထိုင်လိုက်လာရင်း ဓါတ်ကြိုးနဲ့ ငြိတာ၊သုံးယောက်လောက်တော့ဆုံးမယ်ထင်တယ်၊ကားပေါ်ကဆွဲချထားတဲ့ကောင်လေးနှစ်ယောက်ရယ်၊အပေါ်မှာငြိနေတဲ့တယောက်ရယ်” လို့ဖြစ်စဉ်ကိုသိရှိသူဒေသခံတဦးကပြောပါတယ်။
လက်ရှိမှာတော့သေဆုံးဒါဏ်ရာရသူတွေကို ကျိုက်ထိုဆေးရုံကြီူကိုနယ်ခံပရဟိတအသင်းတွေကနေတဆင့်ပေးပို့ထားတယ်လို့သိရပါတယ်။
#thejusticewave
#ကျိုက်ထို