ဧပြီလ ၁ရက်နေ့မှစပြီး အခွန်မဆောင်ထားသည့်ဖုန်းများ အသုံးပြုခွင့်မရတော့ဟုဆို




လာမယ့် ၂၀၂၆ ဧပြီလ ၁ရက်နေ့မှ စတင်ပြီး အခွန်မဆောင်ထားသည့်ဖုန်းများ အသုံးပြုခြင်းကို စတင်ပိ.တ်ပ.င်သွားတော့မယ်လို့ သိရပါတယ်.
လက်ရှိအသုံးပြုနေတဲ့ ဟန်းဆက်တွေကိုတော့ ပြည်တွင်းက မိုဘိုင်းအော်ပရေတာတွေဖြစ်တဲ့ MPT, Atom, Mytel, U9 အစရှိတဲ့ ဆင်းကတ်တစ်ခုခုထည့်သွင်းအသုံးပြုနေရုံနဲ့ အလိုအလျှောက် မှတ်ပုံတင်ပြီးသားဖြစ်အောင် စီစဥ်ပေးမှာမို့ လက်ရှိအချိန်ထိ ပြည်တွင်းက အော်ပရေတာတွေရဲ့ ဆင်းကတ်ထည့် အသုံးပြုနေပြီးသား ဟန်းဆက်တွေက စိတ်ပူစရာမလိုပါဘူး.
ဒါပေမယ့် ကိုယ့်မှာ ဆင်းကတ်ထည့်မသုံးထားတဲ့ ဟန်းဆက်ရှိနေမယ်ဆိုရင်တော့ ဒီဟန်းဆက်တွေကို မတ်လ ၃၁ ရက် နောက်ဆုံ:ထားပြီး ဆင်းကတ်ထည့်သုံးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်.
၂၀၂၆ ဧပြီလ ၁ရက်နေ့ကနေ စတင်မယ့် CEIR(Central Equipment Identity Register) စနစ် ဆိုတာကတော့ ဖုန်းဟန်းဆက်တိုင်းမှာပါတဲ့ IMEI နံပါတ်တွေကို စာရင်းပေးသွင်းမှတ်ပုံတင်ရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်. ဒီစနစ်ကနေတဆင့် မှတ်ပုံတင်ထားတဲ့ ဖုန်းဟန်းဆက်တွေကိုပဲ ဆက်လက်အသုံးပြုခွင့် ပေးမှာမို့ မတ်လ ၃၁ ရက်နေ့အထိ လက်ထဲရှိနေတဲ့ မိုဘိုင်းဟန်းဆက်ကို ဆင်းကတ်တစ်ခုခုထည့်မှတ်ပုံတင်ထားခြင်း မရှိသူတွေက ဧပြီ ၁ရက်နေ့ကျရင် အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး.
ဒီအခါကျရင် အသုံးပြုခွင့် ပြန်ရဖို့ ဒ-ဏ်ကြေ:ဆော.င် အခွန်ဆောင်ပြီးမှသာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်လို့ လက်ရှိ အခွန် free ကာလ ဖြစ်တဲ့ မတ်လ ၃၁ ရက်မတိုင်မီ ကိုယ်နေ့စဥ် အသုံးပြုမယ့် ဟန်းဆက်ကို ပြည်တွင်းအော်ပရေတာ ဆင်းကတ်တခုခု ထည့်သုံးပေးထားဖို့ မမေ့ပါနဲ့နော်.
လက်ရှိအသုံးပြုနေပြီးသား မိုဘိုင်းဟန်းဆက် ပိုင်ရှင်တွေက မတ်လ ၃၁ ရက်အထိ ဘာမှလုပ်စရာမလိုပဲ ဆင်းကတ်တခုခုထည့်သုံးရုံနဲ့ အလိုအလျောက် မှတ်ပုံတင်ပြီးသားဖြစ်မှာပါ.
ဧပြီလ ၁ရက်နေ့ကျရင်တော့ CEIR စနစ် စတင်ပြီမို့ အခွန်မဆော.င်ထားတဲ့ ဖုန်းတွေ (ဥပမာ ပြည်ပကနေ ကိုယ်တိုင် ဝယ်လာတဲ့ ဟန်းဆက်တွေ… စသဖြင့်) အသုံးပြုချင်တယ်ဆိုရင် အခွန်နဲ့ ဒ-ဏ်ကြေ:တွေကို သ.-တ်မှ.-တ်ထားတဲ့ ရက်ပေါင်း ၃၀ အတွင်း ပေးဆောင်မှသာ ပြန်လည် အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်တဲ့.
ထု.တ်ပြ.န်ချက်အရ မိုဘိုင်းဟန်းဆက်တွေကို အခွန်မဆော.င်ပဲ တရာ:မ.ဝင်တင်သွင်းရောင်:ချ.သူတွေအတွက်တော့ အနည်းငယ်အခ.က်အ.ခဲ ရှိလာနိုင်မှာဖြစ်ပါတယ်.
#legendmedia