တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချ

တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချ
ရန်ကုန်၊ မတ် ၂
တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်ပိုင် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချထားသည်ကို တွေ့ရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁ ရက်နေ့တွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီမှာ သူ၏ ရုံးခန်းအတွင်း အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း တစ်ကမ္ဘာလုံးရှိ သတင်းမီဒီယာများ အားလုံးတွင် အကြီးအကျယ် ဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် မတ်လ ၁ ရက်နေ့ နှင့် မတ်လ ၂ ရက်နေ့ထုတ် စစ်တပ်ပိုင် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့် သတင်းကို လုံး၀ ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချထားသည်ကို မြင်တွေ့ရသည်။
“မတ်လ ၁ ရက်နေ့နဲ့ မတ်လ ၂ ရက်နေ့ထုတ် ကြေးမုံရော မြန်မာ့အလင်းမှာပါ အီရန်ကို ဝင်တိုက်တဲ့သတင်းကို လုံး၀ မတွေ့ရဘူး။ ဖေ့ဘုတ်စ်ပေါ်မှာတော့ ဒီသတင်းပဲ ဟော့နေတော့ ဖေ့ဘုတ်စ်ပေါ်ကပဲ အဖြစ်အပျက်အကုန် သိနေကြပါတယ်။ ခါမေနီသေဆုံးသွားတာလည်း အားလုံး သိကြတယ်” ဟု ရန်ကုန်မြို့မှ အလွတ်တန်းသတင်းထောက်တစ်ဦးက ပြောဆိုသည်။
သို့ရာတွင် စစ်တပ်ထုတ် မြ၀တီသတင်းစာများတွင် အီရန်ကို တိုက်ခိုက်သည့်သတင်းကို သတင်းပုံစံဖြင့် မဟုတ်ဘဲ နိုင်ငံတကာသုံးသပ်ချက်ပုံစံဖြင့် ထက်မြတ်ဆိုသော ကလောင်ဖြင့် ဖော်ပြသော်လည်း အီရန်ခေါင်းဆောင် ခါမေနီ တိုက်ခိုက်မှုကြောင့် သေဆုံးသည့်သတင်းကိုမူ အထူးပြုလုံး၀ ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။
“မြ၀တီသတင်းစာမှာတော့ မတ်လ ၁ ရက်နေ့ထုတ် နိုင်ငံတကာသုံးသပ်ချက်အဖြစ် ထက်မြတ်ဆိုတဲ့ ကလောင်နဲ့တော့ ရေးတယ်။ အီရန်ကို တိုက်တယ်ပေါ့။ မတ်လ ၂ ရက်နေ့ထုတ် မြ၀တီသတင်းစာမှာလည်း သုံးသပ်ချက်ဆက်ရေးတယ်။ ဒါပေမယ့် ခါမေနီသေဆုံးတာကို စာတစ်ကြောင်းပဲ ဖော်ပြတယ်။ အခြားဘာမှ မဖော်ပြဘူး။ မဖော်ပြတာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ဆင်ဆာဖြတ်တောက်လို့ ခါမေနီ သေဆုံးတာကို သေသေချာချာ မဖော်ပြတာမျိုးယူဆတယ်” ဟု အဆိုပါ အလွတ်တန်းသတင်း ထောက်က ပြောဆိုသည်။
အီရန် ခေါင်းဆောင် ခါမေနီသေဆုံးသည့် သတင်းကို စစ်တပ်လက်အောက်ခံ ဝါဒဖြန့် သတင်းစာများက ဖော်ပြခြင်းမပြုဘဲ သတင်းအမှောင်ချထားခြင်းမှာ အာဏာရှင်တစ်ဦး မလှမပ ဇတ်သိမ်းသွားခြင်းနှင့် လူထုမကြိုက်နှစ်သက်သော အာဏာရှင်စနစ်ကျင့်သုံးသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထောက်ရှုခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ ဝါရင့် သတင်းစာဆရာတစ်ဦးက သုံးသပ်သည်။
“အာဏာရှင်တွေ နိဂုံးချုပ်ရင် သူတို့သတင်းစာတွေမှာ ပါမလာဘူး။ ဗီနင်ဇွဲလားသမ္မတ ဖမ်းသွားတုန်းကလည်း သူတို့သတင်းစာနဲ့ သတင်းဌာနတွေမှာ ဖမ်းသွားတာကို ချက်ချင်း မထည့်ဘူး။ တော်တော်ကြီးကြာမှ နိုင်ငံတကာ သတင်းသေးလေး အဖြစ် နောက်ဆက်တွဲ ထည့်တယ်။ ဖိလစ်ပိုင် သမ္မတ ဟောင်း ဒူတာတေးကို ICC တရားရုံး ဖမ်းပို့တုန်းကလည်း သတင်းစာတွေမှာ ပါမလာဘူး။ ပြည်သူတွေက ဖေ့ဘုတ်စ်ကနေ အကုန်သိနေကြပြီးသားဆိုတော့ သူတို့ မထည့်လည်း သိပ်ပြီးတော့ ပြဿနာမရှိဘူး” ဟု ဝါရင့်သတင်းစာ ဆရာက သုံးသပ်ပြောဆိုသည်။
အီရန်ကို အစ္စရေးနှင့် အမေရိကန်တို့က တိုက်ခိုက်မှုသတင်းများနှင့် ခါမေနီ သေဆုံးသွားသည့်သတင်းများအပေါ် မြန်မာနိုင်ငံမှ ပြည်သူအများစုက စိတ်ဝင်စားကြပြီး စီးပွားရေးအသိုင်းအ၀ိုင်းကလည်း ကမ္ဘာ့ရေနံစျေးနှုန်းနှင့် မြန်မာနိုင်ငံရှိ ပြည်တွင်း စက်သုံးဆီ စျေးနှုန်းအပေါ် ရိုက်ခတ်မှုကြီးနိုင်၍ စောင့်ကြည့် လေ့လာနေကြကြောင်း UMFCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုသည်။
အီရန်နိုင်ငံမှာ အာဏာသိမ်း မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းရှိခဲ့ပြီး မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယခုနှစ် ဇန်နဝါရီလအတွင်း စုံစမ်းဖော်ထုတ်ခဲ့သည်။
ထို့အပြင် အီရန်နိုင်ငံက ယူရီးယား (Urea) ကိုလည်း မြန်မာနိုင်ငံသို့ တင် ပို့ပေးနေပြီးယင်း ယူရီးယားကို မြန်မာစစ်တပ်က ဒရုန်းဗုံးများ၊ လေကြောင်းတိုက် ခိုက်ရေး ဗုံးများ အပါ အဝင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရာတွင် အသုံးပြုခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။
၂၀၂၂ ခုနှစ်အတွင်းကလည်း အီရန်နိုင်ငံမှ ကုန်တင်လေယာဉ်များနှင့်ကိုယ်စားလှယ်အဖွဲ့များ နေပြည် တော်သို့ လျှို့ဝှက် လာရောက်ခဲ့ကြကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။
အီရန်ကို အစ္စရေးနှင့် အမေရိကန်တို့က တိုက်ခိုက်မှုသတင်းများနှင့် ခါမေနီ သေဆုံးသွားသည့်သတင်းများအပေါ် မြန်မာနိုင်ငံမှ ပြည်သူအများစုက စိတ်ဝင်စားကြပြီး စီးပွားရေးအသိုင်းအ၀ိုင်းကလည်း ကမ္ဘာ့ရေနံစျေးနှုန်းနှင့် မြန်မာနိုင်ငံရှိ ပြည်တွင်း စက်သုံးဆီ စျေးနှုန်းအပေါ် ရိုက်ခတ်မှုကြီးနိုင်၍ စောင့်ကြည့် လေ့လာနေကြကြောင်း UMFCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုသည်။
၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာစစ်တပ်၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက အီရန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီကို အီရန်နိုင်ငံ၊ တီဟီရန်မြို့အထိ သွားရောက် တွေ့ဆုံခဲ့ပြီး မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက် ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေး နွေးခဲ့ကာ မြန်မာဘက်မှ စွမ်းအင်ဝန်ကြီးဌာနအရာရှိကြီးများ လိုက်ပါခဲ့သည်။