Breaking News – ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာ ဈေးတန်းကို စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲ မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Breaking News – ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာ ဈေးတန်းကို စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲ မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာ ဈေးတန်းကို အကြမ်းဖက် စစ် တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စာရေးဆရာဝေဟင်အောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်အချိန် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာ ဈေးတန်းကို အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကလေးငယ်များ အပါ အဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အ ပြင် ဈေးလည်းမီးလောင်သွားပြီး နေအိမ်၊ အဆောက်အအုံများလည်း ဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။
“လူနေရပ်ကွက် ဈေးတန်းထဲကို ကျဲသွားတာ၊ ဈေး ဆိုင် တော်တော်များများလည်း မီးလောင် သွား တယ်၊ နေအိမ်တွေတော်တာ်များများလည်း ပျက်စီး သွားတယ်လို့ သိရတယ်။ သေဆုံးတာက ၁၁ ဦး လို့ပြောတယ်။ သေတဲ့ထဲမှာ ကလေးဦးရေကတော် တော်များတယ်လို့ ပြောတယ်။ စာရင်းကတော့ တိတိ ကျကျ ပြောလို့ရသေးဘူး။ အခု လူတွေက ပြေးလွှားနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတုန်းမို့ပါ” ” ဟု စာရေးဆရာဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။