နဂါးကို စစ်တပ်ကရဟတ်ယာဥ်နဲ့​လာခေါ်ပေးတဲ့ရုပ်သံမှတ်တမ်း

နဂါးကို စစ်တပ်ကရဟတ်ယာဥ်နဲ့​လာခေါ်ပေးတဲ့ရုပ်သံမှတ်တမ်း
​ဖေ​ဖော်ဝါရီ-၁၉၊ ၂၀၂၆။​နေ့သစ်/People’s Spring

BNRA တပ်ဖွဲ့ခေါင်းဆောင်နဂါးကို စစ်တပ်က ​ဖေ​ဖော်ဝါရီ ၁၈ ရက်ည​နေပိုင်းမှာ ရဟတ်ယာဥ်နဲ့ လာ​ခေါ်သွားတဲ့ ရုပ်သံဖိုင်တစ်ခုကို သွား​ခေါ်တဲ့အထဲမှာပါတဲ့ စစ်သားတစ်ဦးကလူမှုကွန်ယက်မှာ
တင်ခဲ့ပါတယ် ။
၉ စက္ကန့်ကြာတဲ့ တစ်​တော့ရုပ်သံဖိုင်မှာ နဂါးကလာ​ခေါ်တဲ့ အာဏာသိမ်းစစ်တပ်ကစစ်သားအချို့နဲ့စကား​ပြော​​နေသလို သူနဲ့အတူ အမျိုးသမီး နှစ်ဦး နဲ့က​လေးငယ်နှစ်ဦးပါဝင် ပါတယ်။ အရပ်ဝတ် ဝတ်ထားတဲ့ နဂါးကစစ်သားတဦးကိုလက်​မောင်းပုတ် စကား​ပြော​နေသလို ၊သူနားကစစ်သား​တွေအချို့က ရဟတ်ယာဥ်ဆင်းလာချိန်မှာ ဖုန်းကင်မရာနဲ့ ဓါတ်ပုံ နဲ့ ဗီဒီယိုမှတ်တမ်းရိုက်​ကူးနေကြတာကို ​တွေ့ရပါတယ်။
ဒီရုပ်သံကို Ko.phyo558123 အမည်နဲ့ တစ်​တော့သုံးတဲ့စစ်သားတဦးကတင်ခဲ့တာဖြစ်ပြီး ​ဖေ​ဖော်ဝါရီ ၁၉ ရက်ညပိုင်းမှာ ပိုစ်ကိုပြန်ဖြုတ်ချခဲ့တာ​တွေ့ရပါတယ် ။သူဟာ ပုလဲမြို့နယ်အတွင်းတာဝန်ကျ​နေတဲ့ စစ်သားတဦးဖြစ်တယ်ဆိုတာ သူတင်ထားတဲ့တစ်​တော့ ပိုစ်​တွေအရသိရပါတယ် ။
စစ်တပ်က နဂါးကို ရဟတ်ယာဥ်နဲ့လာ​ခေါ်တာက​တော်လှန်​ရေးသတင်း​တွေစိတ်ဝင်စားတဲ့ပြည်သူ​တွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ စစ်တပ်က ၁၀၂၇ စစ်ဆင်​ရေးအတွင်းမှာ ရှမ်း
ပြည်နယ်​မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်တပ်ဗိုလ်ချုပ်အချို့ကို​တောင် ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်မ​ပေးခဲ့ပဲအ​သေခံစစ်တိုင်းခိုင်းခဲ့​ပေမယ့် ဗိုလ်နဂါးကို ကြ ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်​ပေးခဲ့တာဖြစ်ပါတယ်။
စစ်တပ်က နဂါးကိုရဟတ်ယာဥ်နဲ့လာခေါ် တာဟာ PDF​တွေက မိသွားရင် နဂါး နဲ့ စစ်တပ် ဆက်သွယ်ခဲ့တာ တွေ၊ စစ်တပ်ကြိုးကိုင်ထားတဲ့NUG နဲ့ ​တော်လှန်​ရေး အပုပ်ချ ကန်ပိန်း​တွေ၊ တတိယအုပ်စု ထဲ ကစစ်တပ်လူတွေ နဲ့ ချိတ်ဆက် လုပ်ဆောင်တာ တွေ ကို သက်သေ နဲ့တကွ မိမှာ စိုးလို့ လာခေါ်တာလို့ ယူဆတယ်လို့ စစ်​ရေးသတင်းရင်းမြစ်တဦးက​သုံးသပ်ပါတယ်။ စစ်​ကောင်စီအတွက် ဗိုလ်နဂါးဟာတန်ဖိုးရှိတဲ့ရင်းမြစ်ဖြစ်​နေတယ်လို့သူကဆက်​
ပြေပါတယ်။
စစ်တပ်က နဂါးကို ရဟတ်ယာဥ်နဲ့လာ​ခေါ်တာကို ကြည့်ခြင်းအားဖြင့် စစ်တပ်နဲ့ နဂါးဟာအရင်ကတည်းက အချိတ်အဆက်ရှိပြီးသားဖြစ်တယ်ဆိုတာ​ပေါ်လွင်​ကြောင်း NUG ပြည်ထဲ​ရေးနဲ့ လူဝင်မှုကြီးကြပ်​ရေးဒုဝန်ကြီး ဦး​ကျော်နီကသုံးသပ်ပါတယ်။
စစ်တပ်က နဂါးစစ်တပ်နဲ့ပူး​ပေါင်းတဲ့သတင်းကို
ပလက်​ဖောင်းမျိုးစုံကဖြန့်ချီဝါဒဖြန့်​နေပါတယ် ။
ဒါ​ပေမယ့် နဂါးက စစ်တပ်နဲ့​ပေါင်းသွားတာဟာ
​တော်လှန်​ရေးပိုသန့်သွားတယ်လို့ ​တော်လှန်​ရေး
သမား​တွေက​ပြော​ကြပါတယ် ။
“​တော်လှန်​ရေးအ​ရေခြုံ ​တော်လှန်​ရေးအ​ပေါ် သ​ဘောထား မမှန်တဲ့သူ​တွေ​ပေါ်သွားတာ​ပေါ့ “လို့ဦး​ကျော်နီက ​ပြောပါတယ် ။
ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) စစ်ရုံးချုပ်ဒုတိယစစ်ဦးစီးအရာရှိချုပ်ဖြစ်တဲ့​ ဒေါက်တာစိုးသူရ​ဇော်က “တော်လှန်ရေးအဖွဲ့အချင်းချင်း ဖြစ်ကြတာကို စကမက ကြားထဲက ဒိုင်စားခြင်း မ
ဟုတ်။ နဂိုကတည်းက သူတို့ မြှုပ်ထားတဲ့အပင်းကို သူတို့ဘာသာ ပြန်နှုတ်သွားခြင်းသာလျှင်ဖြစ်တယ်” လို့ ဗိုလ်နဂါး စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဖြစ်ရပ်အ​ပေါ် လူမှုကွန်ယက်မှာ​ ရေးသားထားပါတယ်