ကပစ(၁၆)အနီးက စစ်တပ်ကာကင်းစခန်း
နှစ်ခုကို AAထပ်မံသိမ်းပိုက်
ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ ဂျိုး/People’s Spring
ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲက စစ်တပ်ရဲ့
အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ
(ကပစ-၁၆) ရဲ့ကာကင်းစခန်း နှစ်ခုကို အာရက္ခတပ်တော်-AA က ဖေဖော်ဝါရီလဆန်းပိုင်းမှာထပ်
မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
“တိုက်ပွဲကတော့နေ့တိုင်းရှိပါတယ်။ အခုတော့ ကာကင်းနှစ်ခုသိမ်းပိုက်ထားတယ်။”လို့စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ကပစ ၁၆အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်-AA ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာလည်းဖြစ် ပါတယ်။
စစ်ကောင်စီရဲ့ ကပစ ၁၆ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးလက်အောက်ခံကပစ တွေထဲကတစ်ခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တစ်ခုလည်းဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ကပစ ၁၆ မကျရေးအတွက် လေကြောင်းကနေ ပစ်ကူတာတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခုခံနေသလို AAတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ လည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။
“၆ရက်(ဖေဖော်ဝါရီ၆ )နေ့ကတော့ ကျနော်တို့ရှိတဲ့ တောင်ကုန်းတခုကို စကစဘက်ကအင်အား ၇၀
လောက်နဲ့ ကျားထိုးလာတာရှိတယ်။ အဲမှာတိုက်ပွဲဖြစ်ပြီးတော့ စစ်ေးအလောင်း တစ်ဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေရလိုက်ရတာရှိတယ်။ သူတို့တော့ပြန်ဆုတ်ပြေးသွားတယ်။”လို့ စစ်ရေးသ
တင်းရင်းမြစ်ကပြောပါတယ်။
အာရက္ခတပ်တော်-AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ကပစစခန်းတွေ အတွက်အရေးပါတဲ့ကပစ (၁၆)လက်အောက်
ခံပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ
၂၈ ရက်နေ့ကသိမ်းပိုက်ခဲ့နိုင်ခဲ့ပါတယ်။အဲဒီနောက် ကပစ (၁၆) ရဲ့ကာကင်းစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။
၆၆၆ ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်
(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း AAက ဖမ်းဆီးခဲ့ပါတယ်။
ပန်းတောင်းမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်
က ဂျက်ဖိုက်တာနဲ့ရော Y-12လေယာဉ်နဲ့ပါ ဗုံးကြဲနေတယ်လို့သတင်းရရှိပါတယ်။
ကပစ(၁၆)အနီး တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AA
က ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၁ရက်ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ခုခံစစ်အပြင် တန်
ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့အသိပေးထားပါတယ်ကပစ(၁၆)အနီးနဲ့ ၆၆၆
ပွိုင့်ကုန်းအနီး နိုဝင်ဘာလ ၈ရက်ကနေ ၁၀ရက်အတွင်း တိုက်ပွဲတွေမှာစကခ(၁၀)လက်အောက်
ခံ ခမရ (၃၆၁)၊ခမရ (၃၆၈)၊ခမရ (၃၆၃) တပ်ရင်းတွေကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးအထိ ရှိခဲ့တယ်လို့ဆိုပါတယ်။
( အာရက္ခတပ်တော်- AAတပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ-AA Infodesk)