❗ မှတ်ပုံတင် (၅)၊ (၉)၊ (၁၁)၊ (၁၃) ကိုင်ဆောင်သူများ ဖတ်ရန်! ထောက်ခံစာမပါရင် ကားလက်မှတ် ဝယ်မရတော့တဲ့ မြို့နယ်စာရင်းများ…





♦ ယခု ဖေဖော်ဝါရီလမှစတင်၍ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်ထားသူများနှင့် အခြားကန့်သတ်ထားသော မြို့နယ်များမှ ခရီးသွားပြည်သူများသည် ကားလက်မှတ်ဝယ်ယူရာတွင် မိမိတို့နေထိုင်ရာ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများ ပါရှိမှသာ ဝယ်ယူ၍ရမည်ဖြစ်ကြောင်း သိရပါတယ်။
❗ကန့်သတ်ထားသော မြို့နယ်များမှာ –
✅ ၁၁/ ရခိုင်ပြည်နယ် 👉 ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး။
✅ ၉/ မန္တလေးတိုင်း👉 မိုးကုတ်မြို့နယ်။
✅ ၁၃/ ရှမ်းပြည်နယ်👉 ကျောက်မဲ၊ လားရှိုး၊ နမ္မတူ နှင့် ကုန်းကြမ်းမြို့နယ်များ။
✅ ၅/ စစ်ကိုင်းတိုင်း👉 မုံရွာ၊ မြောင် နှင့် ရွှေဘိုမြို့နယ်များ။
♦ အဆိုပါ မြို့နယ်များမှ ခရီးသွားမည့်သူများသည် ထောက်ခံစာ မပါရှိပါက ယာဉ်လိုင်းများမှ လက်မှတ်ရောင်းချပေးမည် မဟုတ်သလို၊ မသိဘဲ ရောင်းချမိပါကလည်း ယာဉ်ပေါ်သို့ တင်ဆောင်ခွင့် မရှိကြောင်း သိရပါတယ်။ ခရီးသွားပြည်သူများအနေဖြင့် လမ်းခရီးတွင် အခက်အခဲ မကြုံတွေ့စေရန် မိမိတို့၏ အထောက်အထားများကို ကြိုတင်စနစ်တကျ ပြင်ဆင်သွားကြရန် နှိုးဆော်လိုက်ပါတယ်။
Photo- Social Media