ဗန်းမော်တိုက်ပွဲဟာနိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်သလို လိုအပ်လို့တိုက်နေတာလို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော

ဗန်းမော်တိုက်ပွဲဟာနိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်သလို လိုအပ်လို့တိုက်နေတာလို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော
ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့က မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေတာ တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်သလို လိုအပ်လို့ ဖော်ဆောင်နေတဲ့တိုက်ပွဲလည်းဖြစ်တယ်လို့ KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကပြောပါတယ်။
ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ ကချင်တော်
လှန်ရေးနေ့ အခမ်းအနားကို အမေရိကန် တက္ကဆက်ပြည်နယ်မှာလည်း ကျင်းပခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းမှမိန့်ခွန်းပြောကြားခဲ့ရာမှာ ဗန်းမော် စစ်ဆင်ရေးအကြောင်း ရှင်းပြခဲ့တာပါ။
“အခု ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာ တိုက်ပွဲ ဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်” လို့ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
ဗန်းမော်မြို့ကို တိုက်နေတာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး အဲဒီလို ကြာမယ် အရင်းအနှီးများမယ်ဆိုတာ သိပေမယ့် လိုအပ်လို့ တိုက်နေတာလို့ပြောပြပါတယ်။
အဲဒီတိုက်ပွဲမှာPDF၊ ဂေါ်ရခါး၊ ရှမ်း၊ ချင်း၊နာဂ၊
ကဒူး အပါအဝင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ကြောင်း၊ ယော၊ ဆောဒေသတွေက တပ်တွေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲတော်လှန်ရေးတပ်တွေများစွာ ပါကြောင်း ရှင်းပြပါတယ်။
“ ဗန်းမော်တိုက်ပွဲမှာ လူမျိုးပေါင်းစုံ ပါ ပါတယ်။ ပြည်ထောင်စုတပ်မတော်လို ပြောနေတဲ့ စကားလုံးက စာရွက်ပေါ်မှာ ရှိသော်လည်း ကျနော်တို ဒေသတွေမှာတော့ နေရာအသီးသီးမှာ အတူတကွတိုက်
ပွဲဝင်နေတဲ့ အတူတကွအောင်ပွဲ ခံနေတဲ့ အတတ
ကွ အာဇာနည်အဖြစ်ကို ရောက်ရှိတဲ့ အနေအထား
တွေဖြစ်ပါတယ်”လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
ဗန်းမော်မြို့ကို တိုက်ခိုက်တာ တစ်နှစ်ကျော်ကြာတဲ့ အခြေအနေထဲမှာ တော်လှန်ရေးတပ်တွေဟာ ရှိတဲ့ အရင်းအမြစ်နဲ့ တိုက်နေရတာကြောင့်လည်းဖြစ်တယ်လို့ပြောပါတယ်။
KIAပူးပေါင်းတပ်ဟာ ၂၀၂၄ ဒီဇင်ဘာမှာဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့တာပါ။ စစ်ဆင်ရေးတစ်နှစ်ကျော်အတွင်း စစ်ကောင်စီ အ
မြောက်တပ်၊ သံချပ်ကာတပ်၊ တင့်ကားတပ်၊ ခြေလျင်တပ် အပါအဝင် စစ်ကောင်စီ တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားပြီး အခုလည်း ကျန်နေတဲ့ ခလရ(၄၇)၊ စကခ(၂၁) အပါ
အဝင် စစ်ကောင်စီတပ်စွဲရာနေရာတွေအားလုံး သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။
“ကျနော်ကတစ်ခါတစ်လေ ရယ်စရာအဖြစ် ပြောတယ်။KIA/PDFတိုက်တာ ၁ နှစ်ကျော်တာလည်း ခင်ဗျားတို့မပြောနဲ့ ဗြိတိသျှ အစိုးရက ဗန်းမော်ကို သိမ်းတာ ၅ နှစ်ကျော်မှ ဗန်းမော်သိမ်းနိုင်တယ်။ ကျနော်တို့ လိုအပ်လို့ တိုက်တဲ့ တိုက်ပွဲမှာ အရင်း
အနှီးတွေ အများကြီးပေးရပါတယ်” လို့ဒုဗိုလ်
ချုပ်ကြီးဂွန်မော်ကဆက်​ပြောပါတယ်။
ဗန်းမော်တိုက်ပွဲ စစ်ကူပို့လာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို KIAက ပစ်ချနိုင်ခဲ့သလို ဧရာ၀တီမြစ်ကြောင်းအတိုင်း စစ်ကူပို့လာတဲ့ စစ်ကောင်စီ ရေယာဉ် ၇စီးထက်မနည်းကိုလည်း တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သံချပ်ကာယာဉ်တွေကို သိမ်းနိုင်တာ၊ တိုက်ပွဲအတွင်း သံချပ်ကာယာဉ်တွေကိုတိုက်ခိုက်ဖျက်ဆီးနိုင်တာတွေလည်းရှိခဲ့ပြီး သံချပ်ကာနဲ့တင့်ကားယာဉ် အနည်းဆုံး ၁၀စီးထက်မနည်းကို KIA ပူးပေါင်းတပ်က ဗန်းမော်တိုက်ပွဲမှာ ဖျက်ဆီးတာ၊သိမ်း
ဆည်းတာတွေ လုပ်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရှင်ဖမ်းမိတာလက်နက်ခဲယမ်းတွေသိမ်းရတာလည်းရှိပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နည်းတူ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်းများ
ပြားခဲ့ပါတယ်။
စစ်ကောင်စီက ဗန်းမော်တိုက်ပွဲမှာ လေကြောင်းကနေ အပြင်းအထန် ပစ်ကူပေး တိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
(ဗန်း​​မော်မြို့သိမ်းတိုက်ပွဲဝင် ​တော်လှန်​ရေးရဲ​ဘော်​တွေ ။ ။ဓါတ်ပုံ-CJ)