လှည်းကူးမှာ ဖယ်ရီနဲ့ ဘတ်စ်ကားတိုက်လို့ လေးယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရ

ဖေဖော်ဝါရီ ၃ – ၂၀၂၆
SN (VOM)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်၊ မနက်ပိုင်းက ဖယ်ရီနဲ့ ဘတ်စ်ကား တိုက်မိမှု ဖြစ်ပွားခဲ့ပြီး လေးယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပဲခူး – ရန်ကုန် အမှတ် (၂) လမ်းမကြီး၊ အင်းတိုင်ကျေးရွာ၊ စနရတပ်ရှေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး သင်္ဃန်းကျွန်း – ပဲခူး ပြေးဆွဲတဲ့ ထာဝရလိုင်းကားနဲ့ အထည်ချုပ်စက်ရုံ ဖယ်ရီကား တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဖယ်ရီက လမ်းကြောင်းမှားသွားတာပါ။ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောထဲကို ရောက်သွားလို့ တဖက်ယာဥ်ကြောမှာ ရှိနေတဲ့ မီနီဘတ်စ် ခရီးသည်တင်ကားနဲ့ တိုက်မိသွားတာ” လို့ ဒေသခံ မျက်မြင်​တွေ့ရှိသူတယောက်က ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား တယောက်၊ အမျိုးသမီး သုံးယောက် သေဆုံးခဲ့ကာ ၂၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး လက်ရှိမှာ သေဆုံး၊ ဒဏ်ရာရှိသူတွေကို မြောက်ဥက္ကလာပ ဆေးရုံကြီးနဲ့ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ Hlegu Network Ambulance Group မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ကျွန်တော်တို့ဆီ ဖုန်းလက်ခံ ရရှိတာတော့ မနက် ၆ နာရီခွဲလောက်ကပါ။ အခင်းဖြစ်နေရာမှာ အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်က ပွဲချင်းပြီး သေတယ်။ နောက်ထပ် အမျိုးသမီး နှစ်ယောက်ကတော့ ဆေးရုံရောက်မှ ဆုံးတာပါ။ မ/ဥက္ကလာဆေးရုံ လွှဲပြောင်းလူနာကတော့ အမျိုးသား လေးယောက်၊ အမျိုးသမီး ၁၄ ယောက်ပါ။ အားလုံး အနီရောင်အဆင့်တွေပါ” လို့ သူက ပြောပါတယ်။
အဲဒီ အခင်းဖြစ်နေရာကို Hlegu Network Ambulance Group မိတ်ဖက် အဖွဲ့အစည်းတွေ အပါအဝင် လှည်းကူး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မှော်ဘီ အစရှိတဲ့ ကြက်ခြေနီ အသင်းအဖွဲ့တွေ သွားရောက် ကူညီခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) အောက်ထိပ်မှတ်တိုင်၊ ဗိုလ်အောင်ကျော်လမ်းမှာ ဖယ်ရီတစီး တိမ်းမှောက်ခဲ့ပြီး ၁၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ကုလားဝဲတိုးဂိတ်အနီးမှာ အထည်ချုပ် စက်ရုံဖယ်ရီကားနဲ့ ဆီဘောက်ဆာယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ကိုးယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကရုဏာရှင်အသင်း (လှည်းကူး)/လှည်းကူး ပရဟိတမင်းသား