
PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရကြောင်းသတင်းများထွက်ပေါ်
ဇန်နဝါရီလ ၁၃ ရက် | Burma Independent Voice
ရွေးကောက်ပွဲမှာ စစ်တပ်က ဒိုင်လူကြီးလိုမနေဘူးလို့ ဝေဖန်ပြောဆိုခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင် ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ဒေါက်တာသက်သက်ခိုင်ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းဟာ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းမှာ သတင်းများထွက်ပေါ်နေပြီး BIV က အီးမေးကနေတဆင့် မေးမြန်းထားပေမယ့် ယခုချိန်အထိတော့ အကြောင်းပြန်ခြင်းမရှိသေးပါဘူး။
ဒေါက်တာသက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ပါဝင်ခဲ့ပြီး ပါတီဥက္ကဌ ဖြစ်သူ ဒေါ်သက်သက်ခိုင်ကတော့ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခံရတဲ့ ဒေါ်သက်သက်ခိုင်က စစ်တပ်က ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ထံမှာ အသနားခံစာတင်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခံလိုက်ရတဲ့ ဒေါက်တာသက်သက်ခိုင်ဟာ စစ်တပ်ဝါဒဖြန့် သတင်းမီဒီယာတခုနဲ့ အင်တာဗျူးဖြေဆိုရာမှာ စစ်တပ်က ရွေးကောက်ပွဲမှာ စစ်တပ်က စစ်တပ်လိုမနေဘဲ၊ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားလှယ်လောင်းတွေ ပေးပို့နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ စစ်တပ်ဟာ ရွေးကောက်ပွဲမှာ ဒိုင်လူကြီးလည်းလုပ်ပြီး၊ ရွေးကောက်ပွဲလည်း ဝင်ပြိုင်နေတယ်လို့ ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
#burmaindependentvoice
#ဖမ်းဆီးခံရ
#ဒေါ်သက်သက်ခိုင်
#PPP