◾BNRA ရဲ့ ထုတ်ပြန်ချက်တွေဟာ မဟုတ်မမှန် စွပ်စွဲထားတာတွေပါ

◾BNRA ရဲ့ ထုတ်ပြန်ချက်တွေဟာ မဟုတ်မမှန် စွပ်စွဲထားတာတွေပါ
၁၁ ဇန်နဝါရီ ||| နွေဦးအသံ |||
🔸အယ်ဒီတာထံပေးစာ
ကျနော်က MOD ကွပ်ကဲမှုအောက်မှာရှိတဲ့ ခရိုင်တပ် ရင်းတခုက PDF တပ်ဖွဲ့ဝင်တယောက်ပါ။
၁၄.၁.၂၀၂၂ ခုနှစ်ကနေ ၂.၁၀.၂၀၂၄ အထိ ဗိုလ်နဂါးရဲ့ MRDA မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိကတော့ MOD ရဲ့ ခရိုင်တပ်ရင်းတခုမှာ တာဝန်ထမ်းဆောင်နေပါတယ်။
ဗိုလ်နဂါးရဲ့ BNRA က ထုတ်ပြန်ချက်ထဲမှာ မဟုတ်မမှန်စွပ်စွဲထားတာတွေနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောပြချင်လို့ ဒီစာကိုရေးလိုက်တာပါ။
BNRA Facebook Page က ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
BNRA ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ်က BNRA စခန်းတခုကို NUG ရဲ့ ခရိုင်တပ်ရင်းတွေက လက်နက်နဲ့ လာရောက်တိုက်ဝိုင်းဝန်းပိတ်ဆို့နေစဉ် NUG ရဲ့ ခရိုင်တပ်ရင်း မှူးနဲ့ စစ်ကြောင်းမှူးတွေအပါအဝင် လူ(၃၀)ခန့်နဲ့ လက်နက်တချို့ကို BNRA တပ်ဖွဲ့က အနီးကပ်ဝင်ရောက်ချဉ်းကပ်ဖမ်းဆီးနိုင်ခဲ့ပြီး NUG တပ်တွေ ပြန်ဆုတ်သွားဖို့ မိမိတို့ကိုယ်တိုင်သာ ဖိအားပေးဖြေရှင်းခဲ့ရပြီးဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဖြစ်စဉ်အမှန်က ဒီလိုပါ။
အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့လို့ နေအိမ်တွေဆုံးရှုံးခဲ့တဲ့ မီးဘေးသင့်ပြည်သူတွေ အိမ်ပြန်ဆောက်နိုင်အောင် ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ ၄၊ ၅၊ ၆ က ထောက်ပံ့ဖို့နိုင်ဖို့အ တွက် ရည်ရွယ်ပြီး ၂၄.၄.၂၀၂၄ မှာ သစ်တွေကို ကားတွေနဲ့ သယ်ဆောင်လာခဲ့ပါတယ်။
အဲဒီလို သယ်ဆောင်လာတဲ့အချိန်မှာ BNRA တပ်ရဲ့ တပ် ရင်းမှူး ကေအေ (ခေါ်) အေကေ က သစ်သယ်လာတဲ့ကားတွေကို အလစ်အငိုက် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး သစ်တွေနဲ့ သစ်တင်လာတဲ့ကားတွေကို ယူဆောင်သွားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ ခရိုင်တပ်ရင်းနဲ့ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်အကြား ပွတ်တိုက်မှုတွေဖြစ်ပြီး ပေါက်သဖကျေးရွာရဲ့ ရေကန်အနားမှာ နှစ်ဖက်အင်အားအလုံးအရင်းနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီလို တင်းမာမှုတွေဖြစ်နေချိန်မှာ ဗိုလ်နဂါးဘက်က ညှိ နှိုင်းမယ်လို့ပြောပြီး မဆိုင်တဲ့ ရဲ‌ဘော်တွေ မလိုက်လာဖို့တားမြစ်ခဲ့ပါတယ်။ ပြီးတော့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲ့တပ်ရင်းမှူး ပုလဲမောင် နဲ့ PDF ရဲဘော်အချို့ကို ခေါ်ဆောင်သွားပါတယ်။
တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်က စိတ်မပူဖို့နဲ့ ညှိနှိုင်းမှာဖြစ်လို့ လိုက်မလာဖို့ ကျနော်တို့ PDF တွေကို အမိန့်ပေးခဲ့တာကြောင့် ကျနော်တို့ ရဲဘော်တွေက မိခင်ဌာနေကို ပြန်လာခဲ့ပါတယ်။
နောက်တရက်မှာတော့ BNRA တပ်ကို ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မဟုတ်မမှန်သတင်းတွေ ဆိုရှယ်မီဒီယာတွေပေါ်မှာ တက်လာတာကိုတွေ့လိုက်ရပါတယ်။ အဲဒီသတင်းတွေဟာ လုံးဝ မှန် ကန်မှု မရှိပါဘူး။
နောက်တချက်ကတော့ BNRA ရဲ့ ထုတ်ပြန်ချက်မှာ ကိုသစ်ညိမ်း ကို မဟုတ်မမှန် စွပ်စွဲထားတဲ့ အကြောင်းပါ။
သစ်ညိမ်းဆိုသူဟာ MRDA က ၂၀၂၂ မှာ MOD ကို ပေး အပ်ခဲ့တဲ့ တပ်ရင်း ၄ ရင်းက တပ်ရင်းမှူးတဦးဖြစ်ပြီး MRDA က BNRA အဖြစ်ပြောင်းလဲဖွဲ့စည်းချိန်မှာ MOD က အဲဒီတပ်ရင်း ၄ ရင်းကို ထုတ်ပယ်ဟန်ပြုပြီး BNRA က တပ်ရင်း ၄ ရင်းကို ပြန်လည်လက်ခံထားစဉ် BNRA ရဲ့ Anit-Aircaft Gun(AA Gun)စက်လက်ကြီးအပါအဝင်လက်နက်ငယ် ၃၀၀ ကျော်နဲ့ ခဲယမ်းအများအပြားကို လျှို့ဝှက်ခိုးယူသယ်ထုတ်ပြီး MOD ထံပြန်လည်ဝင်ရောက်ဖို့ကြိုးစားခဲ့ဖူးတဲ့ တပ်ရင်းမှူးတဦးဖြစ်တယ်လို့ BNRA က ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
BNRA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာတွေဟာ ပုဂ္ဂို လ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပါ။
ကိုသစ်ညိမ်းက လက်နက်ခဲယမ်းမီးကျောက်တွေကို ခိုးယူသယ်ထုတ်တယ်ဆိုပြီး BNRA က စွပ်စွဲထားတာဟာ လုံးဝအဓိပ္ပါယ်မရှိပါဘူး။
ကျနော်ရှင်းပြပါမယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ အဲဒီတုန်းကတော့ MRDA ပေါ့၊MRDA က သင်တန်း အပတ်စဉ် ၁ က ရဲဘော်တွေကို ဒေသတခုမှာ လက်နက်သွားသယ်ခိုင်းလို့ သွားသယ်ထားတာ သေနတ်အလက် ၃၀ ကျော်ရခဲ့တယ်။ (လက်နက်သ တင်းကို အတိအကျသိဖို့ လိုအပ်လာရင်လည်း အတိအ ကျဖော် ပြပေးပါမယ်။)
ဒုတိယတခေါက်ကတော့ MRDA ရဲ့ သင်တန်း အပါတ်စဉ် ၅ က ရဲဘော် ၁၉၂ ယောက်က ဒေသတခုမှာ သွား ရောက်သင်တန်းတက်ခဲ့ရပါတယ်။ သင်တန်းပြီးတော့ ရဲဘော် ၈၅ ယောက် ပြန်လာခဲ့ရပြီး ကျန်တဲ့ ရဲဘော်တွေကတော့ မဟာမိတ်အဖြစ် ကျန်နေခဲ့ပါတယ်။
ပြန်လာတဲ့ ရဲဘော် ၈၅ ယောက်မှာ တယောက်ကို သေ နတ်တလက်၊ ကျည် ၃၀၀၊ ဗုံးသီး ၃ လုံး၊ အီနာဂါ ၅ လုံးစီသယ် ဆောင်လာရပါတယ်။ ပြန်လာတဲ့အချိန်မှာ စစ် တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုခံရပြီး ရဲဘော်(၆) ယောက်ကျဆုံးခဲ့သလို လက်နက်ငယ်တချို့လည်း ပျက် စီးခဲ့ပါတယ်။
လိုရင်းကိုပြောရရင် ဒုတိယအခေါက်မှာသယ်တဲ့ လက် နက်က လက်နက် ၁၀၀ ရရှိတယ်ထားဦးတော့ ရဲဘော်တွေ ပထမ အခေါက်နဲ့ ဒုတိယ အခေါက်သွားသယ်တဲ့ လက်နက်မှန်သမျှကိုလည်း MRDA ကပဲ သိမ်းသွားတာပါ။
နောက်တခုက NUG၊ MOD က တပ်ရင်း ၃၊ ၄၊ ၅ တရင်းစီကို တကြိမ်ကို သိန်း ၈၀ နဲ့ ၁၄ ကြိမ်မြောက်တိတိထိ ထောက်ပံ့ထားတယ်။ စုစုပေါင်း ထောက်ပံ့ငွေဆိုရင် သိန်းပေါင်း (၃၃၆၀) ရှိတယ်။ အဲဒီငွေတွေကို တပ်ရင်းတွေကဘာမှမသုံးစွဲဘဲ လက်နက် ဝယ်ယူခဲ့တယ်။
MRDA အဖွဲ့ ဖျက်သိမ်းပြီး BNRA လို့ နာမည်ပြောင်းသွားချိန်မှာလည်း အဲဒီဝယ်ထားတဲ့ လက်နက်တွေကို BNRA က သိမ်းယူသွားသလို ၁၀၂၇ ပထမလှိုင်းမှာရခဲ့တဲ့ လက်နက်တွေကိုလည်း MRDA ကပဲ သိမ်းယူသွားတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၃၊ ၄ ၊ ၅ နဲ့ ၆ တပ်ရင်း ၄ ရင်းက ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) သို့မဟုတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နဲ့ မသက်ဆိုင်ဘဲ MOD မှာသာ ဆက်လက်ရပ်တည်မယ်လို့ ထုတ်ပြန်ပြီး သိပ်မကြာခင်မှာလည်း လက်နက်မပေးရင် တိုက်ခိုက်မယ်ဆိုပြီးတော့ ခန့်မှန်း ၂၀၂၃ ၊ ၈ လပိုင်းမှာ MRDA ဘက်က ပြောလာတာရှိခဲ့ပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်းတွေက ရဲဘော်အချင်းချင်း တိုက် ခိုက်မှုမဖြစ်လိုတာကြောင့် အထက်အဆင့်အဆင့် ညွှန် ကြားချက်အရ လက်နက်တွေအားလုံးကို ပြန် ပေး လိုက်ပါတယ်။
အချုပ်ပြောရရင် BNRA ရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားသလို ကိုသစ်ညိမ်းက လက်နက်ငယ် ၃၀၀ ကျော်နဲ့ ခဲယမ်းအများအပြားကို လျှို့ဝှက်ခိုးယူသယ်ထုတ်ပြီး MOD ထံပြန်လည်ဝင်ရောက်ဖို့ကြိုးစားခဲ့ဖူးတယ်ဆိုတာ တကယ့်အမှားကြီးပါ။ လက်နက်အားလုံးကို ဗိုလ်နဂါးဦးဆောင်တဲ့အဖွဲ့ကသာ ယူသွားတာပါ။
အခုလို The Voice Of Spring ထံ ပေးစာပို့ရတဲ့ ရည် ရွယ်ချက်ကတော့ ဗိုလ်နဂါးရဲ့ မကြာခဏဆိုသလို ဓာတ် ပြားဟောင်းကြီးသဖွယ် ဆိုရှယ်မီဒီယာပေါ်မှာ မဟုတ်မမှန်လုပ်ကြံပြီးတင်တဲ့ တချို့သောသတင်းမှားတွေနဲ့ ပတ် သက်ပြီး ပြည်သူလူထုကို အမှန်အတိုင်း သိစေချင်တာကြောင့် ဖြစ်ပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်းက ရဲဘော်တဦး
ဓာတ်ပုံ | BNRA
©The Voice of Spring