AAက ကွန်မန်ဒိုအထူးတပ်တွေနဲ့ စစ်တွေသို့ ထိုးဝင်လာ၍ ရွှေမင်းဂံထိ ရောက်ရှိ၊ စစ်တွေကို သိမ်းပိုက်နိုင်ခြေရှိ
ဇန်နဝါရီ ၇ ရက်



ရခိုင်ပြည် မြို့တော် စစ်တွေကို AA ရဲ့ အထူးတပ်ဖွဲ့တွေနဲ့ ထိုးဖောက်ဝင်ရောက်လာနေ၍ ရေချမ်းပြင် ရွှေမင်းဂံ ထိရောက်ရှိနေကြောင်း စစ်တွေမြို့ စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။
“အာရက္ခတပ်တော် AA က စစ်တွေမြို့ကို AA ရဲ့ အထူးလေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေ ဦးဆောင်နေပြီး ဝင်လာတာလို့ကြားတယ် စစ်တွေမြို့ကို AA သိမ်းပိုက်နိုင်ခြေရှိတယ်”လို့ စစ်တွေမြို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။
စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်ထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်၍ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုသည်။
စစ်တွေ တိုက်ပွဲကတော့ တဖြေးဖြေးနဲ့ အရှိန်မြင့်တက်လာနေ၍ စစ်တွေမြို့ခံတွေအချို့ စစ်ရှောင်နေကြပြီးလို့ သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်က အာရက္ခတပ်တော်AA ထိန်းချုပ်ထားတဲ့ မြို့တွေကို တစ်မြို့ပြီးတစ်မြို့ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံ ကြဲချနေတာကြောင့် AA က တန်ပြန် ထိုးစစ်ဆင်လာတာလည်း ဖြစ်နိုင်တယ်လို့ စစ်တွေမြို့ စစ်ရေး သတင်း ရင်းမြစ်က ဆိုသည်။
“စစ်တွေက စစ်တပ်အရာရှိ မိသားစုတွေကတော့ ရန်ကုန် နေပြည်တော်သို့ ထွက်ပြေးသွားကြပြီ”လို ပြောဆိုသည်။
စစ်တွေမြို့ တိုက်ပွဲ တနေ့တခြား မြင့်တက်လာပြီး အကြမ်းဖက် စစ်တပ်ဘက်က အကျဆုံးများလာကြောင်း သိရသည်။