နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ

နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ
ရန်ကုန် ဇန်နဝါရီ ၇

နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်အချိန် နေပြည်တော်မှ ထွက်လာသော အကြမ်းဖက် စစ် တပ် ယာဉ်တန်းကို တော်လှန်ရေး ရဲဘော်များက မြို့သစ်မြို့နယ် ရွေပန်းကျေးရွာအနီးတွင် ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်းသိရှိရသည်။
“စစ်ယာဉ်တန်းက နေပြည်တော်က ထွက်တာပါ။ နေပြည်တော်က ထွက်လာပြီးတော့ မြို့နယ်မှူးပါတယ်လို့ပြောတယ်။ သူတို့ ရွေးကောက်ပွဲက အရာရှိတွေပါတယ်။ ပြီးရင် အရာရှိတွေကတော့ နာမည်စာရင်းတွေမသိဘူး။ ဖိုင်တွေတော့ တွေ့တယ်။ပြီးရင် စစ်ခွေး ကား တစ်စီးပါတယ်။ ရဲခွေး ကား ၃စီးပါတယ်​။ ၃ စီးလုံးကတော့ မှောက်သွားတယ်။ မြောင်းထဲကိုချောက်ထဲကို ချောက်ကမ်းပါးထဲကို ကျသွားတာ ၁ စီး၊ ၂ စီးကား ကားလမ်းပေါ်မှာပဲ မှောက်သွားတယ်။ မျက်မြင် ဗီဒီယိုဖိုင်ထဲမှာပါတဲ့ ၂ စီးကတော့ အဲဒီလိုမျိုးဖြစ်သွားတယ်။ ချောက်ထဲကျသွားတဲ့ ကားကတော့ တစ်ယောက်မှ ပြန်ထွက်မလာဘူး။ စစ်သား ၈ယောက်နဲ့ ၁၀ယောက်ဝန်းကျင်လောက် သေဆုံးတယ်။ အလောင်းတွေကတော့ ကားထဲမှာ ပိနေတာ။ အပြင်မှာတွေလည်း တို့လို့တွဲလွဲတွေပေါ့ ။ ဒါပေမယ့် အဲဒီ အလောင်းပုံတွေတော့ မရလိုက်ဘူး။ ကျွန်တော်တို့ တိုက်ပွဲ ပုံကတော့ ရတယ်။ သူတို့က ကပစ ၁၇ နဲ့ နီးတဲ့အခါကျတော့ ကျွန်တော်တို့တွေ အမြန် ပြန်ဆုတ်လာတာပေါ့။ မြို့သစ်ဘက်ကို ဆင်းတာပါ။ မြို့သစ် တောင်တွင်းကြီးဘက်ကို ဆင်းတဲ့လမ်း အဲဒီက လမ်း တောင်တွင်းကြီးလမ်းဆုံမရောက်ခင် နောက်တစ်ခုက မြို့သစ်ကို မရောက်ခင်ပေါ့။ ကျွန်တော်တို့ ကပစ ၁၇ အနီးဝန်းကျင်းမှာ ဖြစ်တာပါ။ ကပစ ၁၇နဲ့ ရွှေပန်းကျေးရွာအနီးမှာဖြစ်တာပါ”ဟု နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်ကပြောဆိုသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးကာ ကား၃ စီး ပက်လက်လန်ပျက်စီးသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ထံမှ G3 သေနတ် ၂ လက်၊ ကျည် ၁၆၁ တောင့်၊ ကျည်ဘောက် ၃ ခု သိမ်းဆည်းရမိခဲ့ကြောင်း၊တော်လှန်ရေး ရဲဘောများအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို နေပြည်တော်စစ်တိုင်း ၉၀၃ တပ်ရင်း ၊ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။